မရေးတာကြာနေပြီဖြစ်တဲ့ ကျမရဲ့ဘလော့လေးကို မနေ့ကမှရေးချင်စိတ်တစ်ဖွားဖွားဖြစ်နေခဲ့တာ။
အဓိကကတော့ ကျမချစ်သူကြောင့်ပါပဲ။
ဒီဘလော့ဟာလည်းသူ့ အတွက်သာပါပဲ။
ဘယ်လောက်စိတ်ညစ်ညစ် စိတ်ဆင်းရဲ ဆင်းရဲ ကျမနားမှာ ရှိပေးသေးလို့ သူ့ ကိုလည်းကျေးဇူးတင်ပါတယ်။
တစ်ခါတစ်လေတော့ စိတ်အရမ်းညစ်တာပါပဲ။ သူ ကျမကိုပစ်ထားတဲ့အခါ အလေးမထားဘူးလို့
ထင်တဲ့အခါပေါ့။
တစ်ခါတစ်ခါ ကျတော့ သူ တစ်ခြားကောင်မလေးတွေများရှိနေပြီလားလို့လည်းတွေးမိတယ်။
အဲ့သည့်အခါ ကျအ၇မ်းစိတ်ညစ်ပြီးအော်ငိုချင်တယ်။
သူက သူဆီဖုန်းတွေမဆက်တော့လို တဲ့။
ကျမကတော့ သူ့ဆီကဖုန်းကိုမျှော်နေခဲ့တာ သူမှမသိတာ။
သူ အရမ်းစိတ်ဓာတ်ကျနေတာသိပေမယ့်လည်း ကျမကမိန်းကလေးကိုး။
သူ ဘယ်လောက်ဘယ်သူနဲ့မှ မချက်ပေမယ့် ည ၇ နာရီဟာ ကျမတို့ဆုံဖို့အချိန်လေ။
ကျမကလောဘကြီးတယ်ဆိုဆို အဲ့အချိန်ကို သူများကိုပေးတာဟာ ကျမကိုတစ်ကယ်နာကျင်စေပါတယ်။
သူ့ သူငယ်ချင်းကိုပဲဖြစ်ဖြစ်လေ။
ကျမကအဲ့တော့ပြသနာတွေချည်းလှိမ့်ရှာမိတော့ပါတယ်။ အမှန်ကတော့ သူ့ ဆီက ကျမကိုအရေးထားတဲ့
စကား ကြားချင်တာပါ။
ခက်တာက ကိုယ့်ကြင်နာသူကြီးက ခွစာကြီးဆိုတော့ တစ်လုံးမှမထွက်လာ။
အဲ့လိုမထွက်လာလေပိုစိတ်ဆိုးလေနဲ့ ပတ်ချာလည်နေတော့တာ။
အဲ့လိုနဲ့ပဲ ခဏခဏကျမပဲငိုရပြီး ကျမပဲ သူစိတ်ထိခိုက်သွားရင်တော့ မနေနိုင်မထိုင်နိုင်စိတ်ပူပြီး
ဖုန်းတွေဆက်မိပြန်ကော။
(ယောက်ျားလေးအချစ်များပြောပါတယ်) သူ ကတော့ အိပ်နေတာဆိုပဲ။
ဒါကြောင့်ပြောတာ (တာရာမင်းဝေလေသံသုံးလိုက်မှ) အပ်ဖျားတစ်ထောက်စာဒဏ်ရာက
ဆပ်ပြာပူဖောင်းကို ဘ၀ပျက်စေတယ်လေ။ သူ ကတော့ အိပ်နေပေမယ့် ဒီမှာက ကမာပျက်နေတာ။
2/02/2013 08:43:00 PM |
Labels:
ကိုဖတ်ဖို့
Subscribe to:
Post Comments (Atom)
1 comments:
ဆက်ရေးလေ...
Post a Comment