အလုပ်များပြီး ချစ်သူကရစ်ချိန်
လက်ရှိ
အချစ်မှာ 1500 မှပူလောင်တာမဟုတ်ပါဘူး။528 ကလည်းပူလောင်စေပါတယ်။ခုတော့ ကျမက 1500 နဲ့ 528 ကြားမှာပေါ့။ရက်ကန်းစင်ကလွန်းလေးလို ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့။သံယောဇဉ်တွေနဲ့ ကျမ
ကိုယ်ကျမအထပ်ထပ်ရစ်ပတ်လို့ပေါ့။ ချစ်သူကလည်း ကျမကိုချစ်တယ်။စိတ်ပူတယ်။သူ့ အနားမှာ ရှိ
စေချင်တယ်။ 528သောကျမရဲ့မိသားစုတွေကလည်း ကျမကိုအနားမှာ၇ှိစေချင်တယ်လေ။မေမေက
ကျန်းမာရေးမကောင်းဘူး။အမကလည်းအိမ်ထောင်ကျသွားတော့ သူ့ ကိုဂရုစိုက်မယ့်လူလိုပါတယ်။
အိမ်ကိစတွေကလုပ်စရာများပါတယ်။ကျမမှာနေ့စဉ်ပြသနာတွေကတစ်ပုံတစ်ခေါင်း။အလုပ်မှာဆို
လည်း သူဌေးကကျမကို ပိုလုပ်နိုင်လို့ ပိုခိုင်းချင်ပါတယ်။ကျမမှာ လောဘကြီးပါတယ်။တစ်ခုလိုချင်
တစ်ခုကိုစွန့်လွတ်သင့်ရဲ့နဲ့မစွန့်နိုင်ဘူး။အကုန်လုံးလိုချင်တယ်။ဒီတော့ ကျမရဲ့အိပ်ချိန်စားချိန်ကိုပဲ
စွန့်လိုက်တော့တယ်။
ကို့ အတွက်
missing
လွမ်းလိုက်တာချစ်သူရယ် ဘယ်တော့များမှဆုံနိုင်မှာလဲဟင် တူတူစားတဲ့အကြော်ဆိုင်လေးလည်းလွမ်းတယ်
တူတူစီးတဲ့ကားကြီးလည်းလွမ်းတယ်။ ခုတော့ သူများချစ်သူစုံတွဲတွေတွေ့ ရင် ငါတစ်ယောက်တည်းနင့်ကို
သတိတွေရလို့ပေါ့ နင့်ကရောဟင် ငါ့ကိုသတိမှရရဲ့လား ။ တူတူသွားတဲ့လမ်းလေးမှာ ငါတို့ဆိုင်ကယ်စီးရင်
ချစ်တယ်လို့ အော်တာသတိရလားဟင်။ငါတို့စားတဲ့ထမင်းဆိုင်လေးကောပေါ့။ ငါလေ နင့်နားမှာရှိရင် တစ်လော
ကလုံးကိုမေ့နေရောပဲကွယ်။ နင်လေ ငါ့ကို ပြန်ပို့တဲ့လမ်းမှာ တမင်အချိန်ဆွဲနေမှန်း သိပါရဲ့။ နင်ရင်ထဲ ၀မ်းနည်း
နေမယ်ဆိုတာငါသိပါတယ် ချစ်သူရယ်။ ငါလေ နင့်ကိုသိပ်ချစ်ပါတယ်ဟယ်။
နေရာတိုင်းမှာ
ခုလာတဲ့တိမ်တစ်အုပ်မှာ
ငါ့အလွမ်းတွေ ..............
ထောင်သောင်းချီပြီးထည့်ထားတယ်
နင့်ဆီမှာ မိုးအဖြစ်နဲ့ရွာစေသား။
ခုလာတဲ့တိမ်တစ်ဆုပ်မှာ
ငါ့ အချစ်တွေ.................
ထောင်သောင်းချီပြီးထည့်ထားတယ်
နင့်ဆီမှာ နှင်းအဖြစ်ကျစေသား။
တိုက်ခတ်တဲ့လေပြည်မှာ
ငါ့ အသံကိုနင်ကြားစေသား။
ချုန်းထစ်တဲ့မိုးသံမှာ
ငါ့ မျက်ရည်ကိုတွေ့ စေသား.......ချစ်သူ။