အချစ်မှာ 1500 မှပူလောင်တာမဟုတ်ပါဘူး။528 ကလည်းပူလောင်စေပါတယ်။ခုတော့ ကျမက 1500 နဲ့ 528 ကြားမှာပေါ့။ရက်ကန်းစင်ကလွန်းလေးလို ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့။သံယောဇဉ်တွေနဲ့ ကျမ
ကိုယ်ကျမအထပ်ထပ်ရစ်ပတ်လို့ပေါ့။ ချစ်သူကလည်း ကျမကိုချစ်တယ်။စိတ်ပူတယ်။သူ့ အနားမှာ ရှိ
စေချင်တယ်။ 528သောကျမရဲ့မိသားစုတွေကလည်း ကျမကိုအနားမှာ၇ှိစေချင်တယ်လေ။မေမေက
ကျန်းမာရေးမကောင်းဘူး။အမကလည်းအိမ်ထောင်ကျသွားတော့ သူ့ ကိုဂရုစိုက်မယ့်လူလိုပါတယ်။
အိမ်ကိစတွေကလုပ်စရာများပါတယ်။ကျမမှာနေ့စဉ်ပြသနာတွေကတစ်ပုံတစ်ခေါင်း။အလုပ်မှာဆို
လည်း သူဌေးကကျမကို ပိုလုပ်နိုင်လို့ ပိုခိုင်းချင်ပါတယ်။ကျမမှာ လောဘကြီးပါတယ်။တစ်ခုလိုချင်
တစ်ခုကိုစွန့်လွတ်သင့်ရဲ့နဲ့မစွန့်နိုင်ဘူး။အကုန်လုံးလိုချင်တယ်။ဒီတော့ ကျမရဲ့အိပ်ချိန်စားချိန်ကိုပဲ
စွန့်လိုက်တော့တယ်။
လက်ရှိ
6/12/2012 08:24:00 PM |
Labels:
ကိုဖတ်ဖို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment