ခုလာတဲ့တိမ်တစ်အုပ်မှာ
ငါ့အလွမ်းတွေ ..............
ထောင်သောင်းချီပြီးထည့်ထားတယ်
နင့်ဆီမှာ မိုးအဖြစ်နဲ့ရွာစေသား။
ခုလာတဲ့တိမ်တစ်ဆုပ်မှာ
ငါ့ အချစ်တွေ.................
ထောင်သောင်းချီပြီးထည့်ထားတယ်
နင့်ဆီမှာ နှင်းအဖြစ်ကျစေသား။
တိုက်ခတ်တဲ့လေပြည်မှာ
ငါ့ အသံကိုနင်ကြားစေသား။
ချုန်းထစ်တဲ့မိုးသံမှာ
ငါ့ မျက်ရည်ကိုတွေ့ စေသား.......ချစ်သူ။
0 comments:
Post a Comment