ကျမချစ်တဲ့မက်နိုးလီယားရဲ့  အဓိပယ်ဟာ nobility,preserverance and nature of love တဲ့။
ကျမအတွေးကတော့ ဒီပန်းလေးကို မြင့်မြတ်တဲ့ အင်မတန်ကြိုးစားတဲ့ မိန်းမတွေကို ကိုယ်စားပြုသင့်တယ်ထင်တယ်။ ဖြစ်နိုင်ရင် ကျမ အမေကို အဲ့ပန်းလေးပေးချင်လိုက်တာ။ ကျမမေမေဟာ ကျမတို့အတွက် သူ့ မာနတွေ၊ပျော်ရွင်မှုတွေကိုရင်းနှီးခဲ့တာပါ။ခုဆိုမေမေဟာ brain cuma last stage ကိုရောက်နေပါပြိ။ သူ့ ဘ၀မှာ ကျမကိုမွေးတုန်းကတစ်ကြိမ် ၊ လွန်ခဲ့တဲ့ 4နှစ်က တစ်ကြိမ် ဓာတ်ရောင်ခြည်ကုသခံခဲ့ရပါတယ်။ သူ့ ကိုဆရာဝန်မက 6လသာ အသက်ရှင်မယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ အမေဟာ ကျမတို့ ကိုစိတ်မချခဲ့ပါဘူး။ ဒါကြောင့်မယုံနိုင်လောက်အောင်ကို အသက်ရှင်ခဲ့ပါတယ်။ ခုတစ်ခါ သူ ရောပါပြန်စနေပါပြီ။
သူမနက်တိုင်းခေါင်းမူးပါတယ်။ဒါပေမဲ့ သူ ကျမမောင်လေးအတွက် မုန့်ဝယ်မပြတ်ပါဘူး။ကျမ
ကခေါင်းမာပါတယ်။ သူကကျမကိုလည်းစိတ်မချနိုင်ပြန်ပါဘူး။အမှန်က အမေ့ရင်တွေကွဲကြေဖူး
တာကျမတို့ အသိဆုံးပါ။ အမေ ဘာတွေစွန့်လွတ်ထားတယ်ဆိုတာကောပေါ့။ အမေ က သူ ခံစားနေတာတွေကိုမပြခဲ့ပါဘူး ခုထိလေ။ခုဆိုသူ့ နားက အရည်တွေထွက်နေတယ်။မျက်စိကမမြင်
ရတော့ဘူး။ခေါင်းက အကျိတ်ကြောင့်လေ။ဒါပေမဲ့ အမေဟာ ကျမကိုမုန့်ဖိုးပေးမပြတ်သေးဘူး။
ကျမညဘက်အပြန်နောက်ကျရင်စောင့်တုံးပါပဲ။ ဒီဘလော့လေးရှိမှန်းတောင်မေမေမသိပါဘူး။
သူကအင်တာနက်ဆိုတာဘာမှန်းတောင်မသိရှာပါဘူး။အမေဟာ ကျမအဖို့တော့ ဒုက္ခ တွေ သောကတွေကြုံတိုင်း ရပ်တည်ပေးခဲ့သူပါ။သူသာမရှိတော့ရင် ကျမဘယ်လိုနေရမလဲဆိုတာ မတွေးဝံပါဘူး။ စိတ်ဆင်းရဲစရာ ကြုံတဲ့အခါ သမီးစားဖို့ဆိုပြီး ဟင်းထည့်ပေးမယ့်မေမေ၊ မနက်စာ
မမှီတဲ့အခါ ထမင်းချက်ပေးဖို့ အဒေါ်ကိုခိုင်းတဲ့မေမေ( အဒေါ်ကမနက်ထမင်းထချက်မပေးချင်ပါ)
ပိုက်ဆံမရှိတဲ့အခါ မေကြီး သမီးကိုပိုက်ဆံပေးပါဦးလို့ ပြောခွင့်မရှိတော့တဲ့အခါ ။ ပင်ပန်းပြီး
ဝမ်းနည်းတဲ့အခါ အမေက သီချင်းဆိုပြတတ်ပါတယ်။ကျမကိုကြိုးစားဖို့ပေါ့။
ကျမအလုပ်ကခွင့်မရပါဘူး ။ တစ်လမှတစ်ရက်သာပျက်ခွင့်ရှိပါတယ်။မေမေက သူ့ အခြေအနေ
မကောင်းဘူးဆိုတာသိပါတယ်။ဒါကြောင့် သူ့ နားမှာနေစေချင်ပါတယ်။ ကျမမှာ အလုပ်တစ်ခု
၇ှိမှဖြစ်မယ်ဆိုတာလည်းသိတော့ သူမပြောပါဘူး။ကျမကတော့ အလုပ်လုပ် ပြန်လာ ထမင်းစား
အိပ်နဲ့ပါ။သူ ကျမကိုညဘက်လာလာကြည့်တာကိုလည်းမသိခဲ့ပါဘူး။အမေဟာ ညဘက်ထထပြိး
ခုဆိုသားသမီးတွေကိုလိုက်ကြည့်ရှာပါတယ်။ သူ ခွဲခွာသွားတော့မှာလားဟင်။
ဒီ မက်နိုလီယားတွေဟာအမေ့အတွက်ပါ။ အမေဟာ မြင့်မြတ်တယ်။ သားသမီးတွေအတွက် လောကဓံကိုကြံကြံခံ ခဲ့တယ်။အမေဟာ ချစ်ခြင်းရဲ့ပြယုပ်ဖြစ်တယ်။ကျမဟာခုထိ မိဘကို တစ်ပြားမှပြန်မအပ်တဲ့ မိုက်တဲ့သမီးဖြစ်ပေမဲ့ ကျမ မေမေကိုသိပ်ချစ်ပါတယ်။
magnolia for mom
5/29/2012 08:35:00 PM |
Labels:
magnolia
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment