he

                  သူ



သူ အသက်ရှုနေတဲ့လေထုကိုချစ်တယ်
သူ ရပ်တည်နေတဲ့မြေကြီးကိုချစ်တယ်
သူ ရဲ့အပြုံးတွေကိုချစ်တယ်
သူ ရဲ့မျက်ရည်တွေကိုလည်းချစ်တယ်
သူ ယုံကြည်တာတွေကိုလည်း ချစ်တယ်
သူ မျှော်လင့်တာတွေကိုလည်းမျှော်လင့်ချင်တယ်
သူနဲ့အတူတူပဲ ဒီဘ၀ ဒီခရီးကို ကုန်ဆုံးချင်တော့တယ်
သူ ငိုရင်လိုက်ငိုပြီး သူ ရယ်တဲ့အခါ သူအပြုံးကိုကြည့်နေချင်တယ်
သူ နာကျင်တဲ့အခါ သူ့ ကို အားပေးပြီး နေချင်တယ်
မနက်ခင်း နေခြည်တွေဖြာနေတဲ့အချိန် သူ နဲ့အတူတူလမ်းလျွှောက်ချင်တယ်
သူ့ ပခုံးကိုမှီပြီး ဘ၀ရဲ့အခက်အခဲတွေအကြောင်းပြောပြချင်တယ်
ဝမ်းနည်းတဲ့အခါ ပင်ပန်းတဲ့အခါ သူ ရင်ခွင်မှာမှီပြီး တိုင်တည်ချင်တယ်
သူ ရင်ခွင်မှာပဲ နောက်ဆုံးအသက်ရှုသွားချင်တော့တယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment