ဘလော့လေးလည်းမရေးဖြစ်တာကြာသွားတယ် ။ချစ်သူ ရန်ကုန်လာလို့ အလုပ်များနေတာနဲ့ ။ တစ်ကယ်တော့
ကျမလည်း ဘယ်လောက်ရင့်ကျက်ချင်ယောင်ဆောင်ဆောင် မိန်းကလေးဟာမိန်းကလေးပါပဲ ။ ချစ်သူလည်း
ရန်ကုန်လာရော အမှန်ဆို သူခမျာ ပိုက်ဆံတွေအကုန်ခံပြိးလာရရှာတာကို မိန်းကလေးထုံးစံအတိုင်း ရသမျှအခိုက်အတံလေးကို ဆိုးလိုက်တာပဲ ။ခုသူပြန်သွားမှ ငါတော်တော်မကောင်းပါလားလို့ စိတ်မကောင်း ဖြစ်နေတယ် ။ပြီးတော့ ကျမအမှား2ခုလည်းလုပ်လိုက်မိတယ်။အမှန်က မိန်းကလေးဆိုတာ ကိုယ့်ကောင်လေး
ရှေ့မှာ အစားတွေများများမစားရဘူးတဲ့။ဒီလောက်၇ိုးရှင်းတဲ့ ဥပဒေသလေးကိုတောင်မှမေ့ပြီး ချစ်သူရှေ့မှာမှ
အ၇မ်းစားမိလိုက်တယ် ။ ဟီး ရှက်တာ။ပြီးတော့ ဒီလောက်တစ်ယောက်နဲ့တစ်ယောက်တွေ့ ဖို့ ခက်တာချည်းကိုး
ခဏခဏစိတ်ကောက်မိတယ်။ပြန်တော့မှစိတ်မကောင်းတွေဖြစ်နေတယ်။အမှန်တော့မိန်းကလေးသဘာဝက
ထိန်းမရချင်ဘူးကိုး ။ဆိုးချင်နွဲ့ ချင်နေသေးတယ်လေ။ဒီစာလေးနဲ့ချစ်သူကိုတောင်းပန်ပါတယ်။

0 comments:
Post a Comment