သတိရတယ်ဆိုတာမှာ အလွမ်းတွေနဲ့ရေးချယ်ထားတာပါ ချစ်သူ ။ မျှော်လင့်ချက်ပန်းပွင့်တိုင်းဟာ ငါ့နှလုံးသားက သွေးတစ်စက်ကျပြီးမှပွင့်ခဲ့တာပါ။နင့်ဆီလာဖို့ ငါခြေဖ၀ါးတွေလည်း ဆူးစူးခံဝံပါရဲ့။
မနက်မနက်နင့်အိပ်ရာနံဘေးက နှင်းမှုန်လေးထဲမှာ ငါ့အလွမ်းတွေပါနေခဲ့ပါတယ်။နေရောင်လာရင်
ကွယ်ပျောက်သွားမယ်ဆိုလည်း ငါ့အလွမ်းတွေပါခဲ့ဖူးတာသတိရပေးပါချစ်သူ။သာမန်မိန်းကလေး
တစ်ယောက်ရဲ့အချစ်ဟာ ဂန္တ၀င်မတင်လောက်ပေမဲ့ ငါလည်းချစ်ချင်တယ်။နင့်ကို အသက်ထက်ကို
ချစ်ချင်တယ်။နင်နဲ့ပက်သက်လို့ အိမ်မက်တွေလည်း ခုထိမိုးမလင်းသေးပါဘူး။ငါ့အဖို့ တော့ နင်အမုန်း
တစ်ချက်မှာ အသက်ဆုံးနိုင်ခဲ့ပါတယ်။အချစ်သစ်ပင်ဆိုလား နွယ်လိုမျိုးလား။တစ်နေ့တစ်ခြားငါ့နှလုံးသား
ကို ရစ်တွယ်နေခဲ့တယ်။နင်နဲ့သာဆို နေမင်းကွယ်ပြီး လမင်းရောက်လည်း သတိမထားမိခဲ့ဘူး ။ နင်ကတော့
ငါခဏခဏချစ်တယ်ပြောလို့ စိတ်ညစ်နေမှာနော်။ငါကတော့ နင့်ကို ချစ်တယ်ချစ်တယ်လို့ ငါရဲ့နောက်ဆုံးချိန်အထိ ပြောနေခဲ့ချင်တယ်။နင့်ဆံပင်တွေဖြူသွားသည့်တိုင်အောင် နင့်သွားတွေကျိုးသွား
သည့်တိုင်အောင် နင့်နားမှာ ၇န်ဖြစ်ရင်း စိတ်ဆိုးရင်း စိတ်ကောက်ရင်း ရယ်မောရင်း နာကျင်ရင်းနဲ့ပေါ့။နင်ကော ငါ့အနားမှာနေပျော်ပါ့မလား စိတ်ပူတယ် ချစ်သူရယ်။

0 comments:
Post a Comment