love tonic for lovely ................



ချစ်သူစိတ်ညစ်နေတဲ့အခါဘယ်လိုအားပေးရမလဲ?အဲ့ဒါကို နိုင်းနိုင်းစနေလည်း မရေးသေးဘူး နော်။အဲ့ဒါကို ခုလောလောဆယ်သိချင်တယ်။ ချစ်သူကိုစိတ်ညစ်အောင်လုပ်တဲ့သူကိုလည်းမုန်းတယ်။
ချစ်သူမပြုံးရင် ငါ့အဖို့တော့ မိုးအုံတဲ့နေ့ပဲ။လောကမှာ မိဘကလွဲရင် ချစ်သူကအရေးအကြီးဆုံးပါ။
ကျမမှာကောချစ်သူမှာပါ တာဝန်တွေ ၀တ္တရားတွေရှိပါတယ်။သူကသားကြီးဆိုတော့မိသားစုအတွက်
တာဝန်တွေအများကြီးပါ။သူကအင်မတန်အားနာတတ်တဲ့သူပါ။ခုတစ်လောကျမစိတ်ထဲမှာ မေးခွန်း
1ခုပဲစိုးမိုးနေတယ်။ချစ်သူစိတ်ညစ်တဲ့အခါဘယ်လိုကူညီရမလဲ။
(1)သူ့ဘေးမှာတိတ်တိတ်ကလေးနေတာကများပိုကူညီရာရောက်မလား။
(2)ဒါမှမဟုတ် သူ့ ကိုအကြံဥာဏ်ပေးရမလား။
(အဲ့ဒါကလည်း မပေးတတ်ရင်ယောကျာ်းမာနထိခိုက်နိုင်တယ်လေ။ကျမကအဲ့လောက်သူ့ ကိုချစ်ပါ
တယ်။)
(3)သူပျော်သွားအောင် သူရှိတဲ့နေရာခဏသွားရမလား။
(ဟီး အဲ့ဒါကတော့ ဘတ်ဂျက်ထိခိုက်နေလို့ cancel )
(4)ဒါမှမဟုတ်သူနဲ့ အတိုက်အခံမလုပ်ပဲသူစိတ်ပျော်အောင်နေပေးတာကပိုထိရောက်မလား
(ခုတော့အဲ့လိုပဲနေတယ်လေ။တစ်ခြားနည်းတွေးမ၇သေးလို့)


ချစ်သူ စိတ်ဓာတ်မကျကြေးနော်။ငါတို့ တူတူကြိုးစားရအောင်နော်။ ငါ မင်းဘေးမှာအမြရှိနေမှာပါ
နေရာတွေဝေးလည်း ငါ့စိတ်က မင်းအနားမှာပါနော်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment