love for him



အချစ်ဆိုတာ ကိုယ် ချစ်တဲ့သူကို စိတ်မဆင်းရဲစေချင်တာလား အဲ့လိုများအဓိပယ်ဖွင့်ရမလားပဲ ကို ချစ်သူကို ကိုယ့်ရဲ့စိတ်ဆင်းရဲမှုတွေကိုဖုံးကွယ်ထားပြီး စိတ်ချမ်းသာမှုတွေပဲပေးချင်တယ်လေ
အချစ်ဆိုတာ အနိုင်ယူဖို့လည်းမဟုတ်ပါဘူးလေ။ကိုယ်ချစ်တဲ့သူ ပျော်နေရင် ကိုယ်လည်းပျော်၇ွင်ရတာပါပဲ။ တစ်ခါတစ်လေတော့လည်း အချစ်မှာ အထင်မြင်လွဲမှုလေးတွေတော့ရှိသေးတာပေါ့ ။ကျမရဲ့သူဌေးကပြောပါတယ်။အချစ်ရေးမှာ အဆင်ပြေချင်ရင် တူညီလာအောင်မကြိုးစားပါနဲ့တဲ့။သူလည်း သူပျော်သလိုနေပြီး ကိုယ်လည်း ကိုယ်ပျော်သလိုနေပါစေတဲ့။ အဓိကက ချစ်နေဖို့ ပါပဲတဲ့။တစ်ယောက်နဲ့တစ်ယောက် တစ်ထပ်တည်းကျဖို့ ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါတဲ့။ဒါကြောင့် မညှိပါနဲ့တဲ့လေ။

ကျမနဲ့ကျမချစ်သူကတစ်ခါတစ်လေရန်ဖြစ်တတ်ပါတယ်။ကျမကစိတ်ညစ်ရင်လျှောက်သွားတတ်
ပါတယ် ။ သူကလည်းအဲ့တာကိုနည်းနည်းမှမကြိုက်ပါဘူး။အမှန်ကတော့ ကျမကအိမ်မှာငိုလို့မရလို့လမ်းလျှောက်နေတာပါ။ ချစ်သူကလည်း စိတ်တွေတို သူစိတ်တိုတော့ကျမကလည်းစိတ်ပိုညစ်နဲ့ မုန့်လုံးစက္ကူကပ်လို့ပေါ့။အမှန်ကချစ်သူက သူ့မှာလည်း
အိမ်အတွက်ပူရ ကျမကိုပူရနဲ့ စိတ်တော်တော်ညစ်နေခဲ့တာပါ ။ကျမကလည်းသူများပြောင်းလဲနေ
ပြိးလာလို့ တွေးပူတာနဲ့ ပြသနာတွေချည်းလှိမ့ှ်ရာနေမိတယ်။ဒီနေ့မှသိတယ်သူ့ ခမျာဘယ်လောက်
စိတ်ဖိစီးနေတယ်ဆိုတာ။ သနားပြီး စိတ်မကောင်းလည်းဖြစ်မိတယ်။ သူ့ ခမျာ ကျမကတစ်ဖက် အိမ်ကတစ်ဖက် အလုပ်ကတစ်ဖက်ရယ် ။ချစ်သူ ကျမကိုစိတ်မပူနဲ့နော် ။အလုပ်ကိုပဲအာရုံစိုက်လုပ်နော်။ကျမကြောင့်ထပ်ပြီးစိတ်မပူစေချင်တော့ပါဘူးလေ။ ချစ်သူ မင်းပျော်ရင်ငါကျေနပ်နေမှာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment