မနိုင်းနိုင်းဆီက
ခံစားချက်နဲ့တိုက်ဆိုင်တာလေးတွေပါ
(1)နှစ်ယောက်အတူနေတာ ကြာလာရင်
ကောင်မလေးက ကောင်လေးကို ပိုပိုချစ်လာတတ်တယ်
ကောင်လေးက လေးနက်မှု လျော့လျော့လာတတ်တယ်
ကောင်မလေးကို တောင်တွေးမြောက်တွေး တွေးလွန်းတယ်လို့ ကောင်လေးကပြောတယ်
ကောင်လေးက ကိုယ့်ကိုအရင်လို မချစ်တော့ဘူးလို့ ကောင်မလေးကထင်တယ်
တကယ်တော့ ဘယ်သူမှမပြောင်းလဲပါဘူး
ပြောင်းလဲသွားတာက အချိန်ပါ
အချင်းချင်းရင်းနှီးမှုတွေ တိုးတိုးလာတော့
တစ်ဘက်သားအပေါ် အကျင့်တွေဖြစ်လာခဲ့တယ်
...

ချစ်စကလောက် ရင်မခုန်ကြတော့ဘူး
ဒီလိုနဲ့ ကောင်မလေးက တောင်တောင်မြောက်မြောက်လျှောက်တွေးတော့တယ်
ဘယ်လိုပဲဖြစ်ဖြစ် အချစ်အပေါ် ပျင်းရိနေလို့မရဘူး
ယုယဖို့ ပျင်းတယ်၊ ချစ်တယ်လို့ပြောဖို့ ပျင်းတယ်၊ ဖုန်းဆက်ရဖို့ ပျင်းတယ်၊ နားလည်ပေးရဖို့ ပျင်းတယ်၊ .....
ချစ်စကြင်နာစက ရင်ခုန်ကြည်နူးတာတွေထက် ပျင်းရိနေခဲ့ရင်
အချစ်ဟာ ငြီးငွေ့စရာကောင်းသွားပြီး
နောက်ဆုံးမှာ တွေဝေ၊ လျှောက်တွေး၊ စွပ်စွဲ၊ ရန်ဖြစ်၊ လမ်းခွဲတာပဲကျန်ရစ်ခဲ့လိမ့်မယ်။
.

(2)အဲဒီလူက မြင့်မြင့်မားမား
ခန့်ချောကြီးဖြစ်ချင်မှဖြစ်မယ်
ဒါပေမယ့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်ရမယ်
အဲဒီလူက ချိုမြိန်သာယာတဲ့စကား ပြောတတ်ချင်မှပြောတတ်မယ်
ဒါပေမယ့် စိတ်နေသဘောထား ဖြောင့်မတ်ရမယ်

အဲဒီလူက ပိုက်ဆံပေါ ရုပ်ချောဖြစ်ချင်မှဖြစ်မယ်
ဒါပေမယ့် တိုးတက်ကြိုးစားလိုစိတ်ရှိရမယ်
အဲဒီလူက လက်စတွဲတာနဲ့
ဒီကနေ့ကစ ငါတို့အေးအတူပူအမျှ အတူဖြတ်သန်းမယ်လို့ ပြောချင်မှပြောတတ်မယှ်ငါမယူဘူးဆိုတဲ့စိတ် ရှိရမယ်။

(3)ငါတို့ အချိန်းအဆက်တစ်ခု
လုပ်ကြရအောင်
ဘယ်လောက်ပဲ အလုပ်များနေစေ၊ ဘယ်လောက်ပဲ ပင်ပန်းနေစေ
အားလပ်တဲ့အချိန်မှာ"နင့်ကိုလွမ်းတယ်"ဆိုတဲ့စကားတစ်ခွန်းပြောရအောင်
ဘယ်လောက်ပဲ နွမ်းလျနေစေ၊ ဘယ်လောက်ပဲ စိတ်ငြီးငြူနေစေ
မအိပ်ခင် တခဏ "ကောင်းသောညပါ"လို့ နှုတ်ဆက်ရအောင်
ဘယ်လောက်ပဲ စိတ်တိုနေစေ၊ ဘယ်လောက်ပဲ ရန်ဖြစ်ထားစေ

နောက်တစ်နေ့မနက်မှာ နေရောင်နဲ့အတူ
အပြုံးတွေပွင့်လန်းရအောင်
ဘယ်လောက်ပဲ ရိုးရှင်းသာမန်နေစေ၊ ဘယ်လောက်ပဲ စိတ်လှုပ်ရှားမှုတွေနည်းစေ
ညနေဆည်းဆာမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး အတူလျှောက်လှမ်းရအောင်
ဒါ ငါတို့ရဲ့သဘောတူညီချက်ပါ... တစ်သက်တာအတွက် လုံလောက်ပါတယ်။

(4)ကောင်လေးက ကောင်မလေးကို
ဒီလိုအမြဲပြောတယ်
အကြောင်းမရှိ အကြောင်းရှာ ဂျီကျနေတာပဲ
အလုပ်မရှိ အလုပ်ရှာ စိတ်ကောက်နေတာပဲ
စကားမရှိ စကားရှာ လျှောက်စွပ်စွဲနေတာပဲ
အားအားနေ သဝန်တိုနေတာပဲ
တခြားလူကိုရော သူဒီလိုပဲ ဆက်ဆံသလား မပြောတတ်ဘူး?
တကယ်လို့ တစ်နေ့နေ့မှာ

သင့်အပေါ် သူဂျီမကျတော့တဲ့အခါ
သင့်အပေါ် သူစိတ်မကောက် သဝန်မတိုတော့တဲ့အခါ
သင့်အပေါ် တွယ်ကပ်မနေတော့တဲ့အခါ
သင့်ကို ဟိုလို ဒီလို မပြောတော့တဲ့အခါ
သင့်လုပ်သမျှကို မပြုံးမရယ် ဒါမှမဟုတ် မျက်မှောင်ကြုတ်ကြည့်မနေတော့တဲ့အခါ
အဲဒီအချိန်အခါဟာ သူ့ကို သင်လုံးဝဆုံးရှုံးသွားတဲ့ အချိန်ပဲဖြစ်တယ်....

0 comments:
Post a Comment