meaning of love


နာကျင်ရင်တောင် မလွှတ်ချနိုင်တဲ့အရာ
  ပင်ပန်းရင်တောင် ဆုပ်ကိုင်ထားချင်တဲ့အရာ
 အဆုံးသတ်မှာ ခါးသီးရင်တောင် ဆက်ထွေးပိုက်ချင်တဲ့အရာ
 အဲ့တာ အချစ်လို့ခေါ်မလားပဲ။
 ကျမအဖို့တော့ အချစ်နဲ့အတ်တလွန်ဆွဲလာတဲ့အခါ အချစ်က 70% အမြဲနိုင်ပါတယ်။
 တစ်ခါတစ်လေကျတော့ ဒီလိုတွေးမိတယ်။ ချစ်ကြတယ်ဆိုရာမှာ အပြန်အလှန်နားလည်မှု သစ်စာရှိမှုတွေနဲ့
ချစ်ခရီးကိုလျှောက်ရတာထင်ပါ့။
ကျမနဲ့ချစ်သူဟာ ခဏခဏရန်ဖြစ်တတ်ပါတယ်။မကြာခဏဆိုသလိုလည်း ပြသနာတက်ပါတယ်။
တစ်ခါတစ်ခါတော့လည်း လုပ်ရက်လေခြင်း ပြောရက်လေခြင်းလို့ ၀မ်းနည်းမိတဲ့အခါတွေလည်းများပါတယ်။
ဒါပေမဲ့ ခဏခဏရန်ဖြစ်လေ သိသာလာလေက ကျမသူ့ ကိုမမုန်းနိုင်ပါဘူး။ တော်တော်ရယ်စရာကောင်းတာက
သေလောက်အောင်ရန်ဖြစ်ပြိးရင် ကျမတို့က 3နာ၇ီ 4 နာ၇ီအတွင်းပြန်တည့်ပါတယ်။ ကျမကသူစိတ်ညစ်ပြီး
လျှောက်လုပ်မှာစိတ်ပူပြီး သူကလည်း ကျမလျှောက်သွားမှာစိတ်ပူပါတယ်။ ဒါနဲ့ပဲ ပြန်ပြန်တည့်သွားတာပါပဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment