မရေးတာကြာနေပြီဖြစ်တဲ့ ကျမရဲ့ဘလော့လေးကို မနေ့ကမှရေးချင်စိတ်တစ်ဖွားဖွားဖြစ်နေခဲ့တာ။

အဓိကကတော့ ကျမချစ်သူကြောင့်ပါပဲ။

ဒီဘလော့ဟာလည်းသူ့ အတွက်သာပါပဲ။

ဘယ်လောက်စိတ်ညစ်ညစ် စိတ်ဆင်းရဲ ဆင်းရဲ ကျမနားမှာ ရှိပေးသေးလို့ သူ့ ကိုလည်းကျေးဇူးတင်ပါတယ်။

တစ်ခါတစ်လေတော့ စိတ်အရမ်းညစ်တာပါပဲ။ သူ ကျမကိုပစ်ထားတဲ့အခါ အလေးမထားဘူးလို့

ထင်တဲ့အခါပေါ့။

တစ်ခါတစ်ခါ ကျတော့ သူ တစ်ခြားကောင်မလေးတွေများရှိနေပြီလားလို့လည်းတွေးမိတယ်။

အဲ့သည့်အခါ ကျအ၇မ်းစိတ်ညစ်ပြီးအော်ငိုချင်တယ်။

သူက သူဆီဖုန်းတွေမဆက်တော့လို တဲ့။

ကျမကတော့ သူ့ဆီကဖုန်းကိုမျှော်နေခဲ့တာ သူမှမသိတာ။

သူ အရမ်းစိတ်ဓာတ်ကျနေတာသိပေမယ့်လည်း ကျမကမိန်းကလေးကိုး။

သူ ဘယ်လောက်ဘယ်သူနဲ့မှ မချက်ပေမယ့် ည ၇ နာရီဟာ ကျမတို့ဆုံဖို့အချိန်လေ။

ကျမကလောဘကြီးတယ်ဆိုဆို အဲ့အချိန်ကို သူများကိုပေးတာဟာ ကျမကိုတစ်ကယ်နာကျင်စေပါတယ်။

သူ့ သူငယ်ချင်းကိုပဲဖြစ်ဖြစ်လေ။

ကျမကအဲ့တော့ပြသနာတွေချည်းလှိမ့်ရှာမိတော့ပါတယ်။ အမှန်ကတော့ သူ့ ဆီက ကျမကိုအရေးထားတဲ့

စကား  ကြားချင်တာပါ။

ခက်တာက ကိုယ့်ကြင်နာသူကြီးက ခွစာကြီးဆိုတော့ တစ်လုံးမှမထွက်လာ။

အဲ့လိုမထွက်လာလေပိုစိတ်ဆိုးလေနဲ့ ပတ်ချာလည်နေတော့တာ။

အဲ့လိုနဲ့ပဲ ခဏခဏကျမပဲငိုရပြီး ကျမပဲ သူစိတ်ထိခိုက်သွားရင်တော့ မနေနိုင်မထိုင်နိုင်စိတ်ပူပြီး

ဖုန်းတွေဆက်မိပြန်ကော။

(ယောက်ျားလေးအချစ်များပြောပါတယ်) သူ ကတော့ အိပ်နေတာဆိုပဲ။

ဒါကြောင့်ပြောတာ (တာရာမင်းဝေလေသံသုံးလိုက်မှ) အပ်ဖျားတစ်ထောက်စာဒဏ်ရာက

ဆပ်ပြာပူဖောင်းကို ဘ၀ပျက်စေတယ်လေ။ သူ ကတော့ အိပ်နေပေမယ့် ဒီမှာက ကမာပျက်နေတာ။





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်



အချစ်ဆိုတာဘာပါလိမ့်နော်။ လူတွေကချစ်တယ်ချစ်တယ်သာပြောကြတာ။ဟော သူတို့မျော်လင့်သလိုဖြစ်မလာကော သူတို့ရဲ့ချစ်ပါတယ်ဆိုတဲ့လူကို သူတို့ကိုယ်တိုင်
ပဲ နာကျင်အောင်လုပ်ကြတော့တာတဲ့။ မိဘအချစ် သားသမီးအချစ် မောင်နှမအချစ် 
လင်ချစ်မယားချစ် ဘယ်အချစ်ကများခိုင်မြဲပါသလဲ။

ဖေ့ဘုတ်ကစာသားလိုပဲ 

ကျမကကျမချစ်တဲ့လူတွေကိုဆုံးရှုံးမှာကြောက်နေခဲ့ရသလို
ကျမကိုဆုံးရှုံးမှာကောဘယ်သူတွေကကြောက်နေခဲ့ပါလိမ့်နော်။

အကယ်လို့များ ကျမသေသွားမယ်ဆိုရင် ကျမကိုချစ်ပါတယ်ဆိုပြီးနာကျင်အောင်လုပ်နေကြတဲ့လူတွေ
တစ်ကယ်များနောင်တရနိုင်ပါ့မလား။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခုတစ်လောဘလော့တောင်မေ၇းဖြစ်ပါဘူး။အလုပ်တွေများပြီး (ဘာတွေလုပ်မှန်းမသိလုပ်လိုက်စိတ်ညစ်လိုက်နဲ့)။ခုလည်း ၀မ်းနည်းတယ်။စိတ်ညစ်တယ်။ငိုချင်တယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

for my sweetheart

မနိုင်းနိုင်းဆီက ခံစားချက်နဲ့တိုက်ဆိုင်တာလေးတွေပါ
(1)နှစ်ယောက်အတူနေတာ ကြာလာရင်
ကောင်မလေးက ကောင်လေးကို ပိုပိုချစ်လာတတ်တယ်
ကောင်လေးက လေးနက်မှု လျော့လျော့လာတတ်တယ်
ကောင်မလေးကို တောင်တွေးမြောက်တွေး တွေးလွန်းတယ်လို့ ကောင်လေးကပြောတယ်
ကောင်လေးက ကိုယ့်ကိုအရင်လို မချစ်တော့ဘူးလို့ ကောင်မလေးကထင်တယ်
တကယ်တော့ ဘယ်သူမှမပြောင်းလဲပါဘူး
ပြောင်းလဲသွားတာက အချိန်ပါ
အချင်းချင်းရင်းနှီးမှုတွေ တိုးတိုးလာတော့
တစ်ဘက်သားအပေါ် အကျင့်တွေဖြစ်လာခဲ့တယ်
...
ချစ်စကလောက် ရင်မခုန်ကြတော့ဘူး
ဒီလိုနဲ့ ကောင်မလေးက တောင်တောင်မြောက်မြောက်လျှောက်တွေးတော့တယ်

ဘယ်လိုပဲဖြစ်ဖြစ် အချစ်အပေါ် ပျင်းရိနေလို့မရဘူး
ယုယဖို့ ပျင်းတယ်၊ ချစ်တယ်လို့ပြောဖို့ ပျင်းတယ်၊ ဖုန်းဆက်ရဖို့ ပျင်းတယ်၊ နားလည်ပေးရဖို့ ပျင်းတယ်၊ .....
ချစ်စကြင်နာစက ရင်ခုန်ကြည်နူးတာတွေထက် ပျင်းရိနေခဲ့ရင်
အချစ်ဟာ ငြီးငွေ့စရာကောင်းသွားပြီး
နောက်ဆုံးမှာ တွေဝေ၊ လျှောက်တွေး၊ စွပ်စွဲ၊ ရန်ဖြစ်၊ လမ်းခွဲတာပဲကျန်ရစ်ခဲ့လိမ့်မယ်။
.
(2)အဲဒီလူက မြင့်မြင့်မားမား ခန့်ချောကြီးဖြစ်ချင်မှဖြစ်မယ်
ဒါပေမယ့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်ရမယ်

အဲဒီလူက ချိုမြိန်သာယာတဲ့စကား ပြောတတ်ချင်မှပြောတတ်မယ်
ဒါပေမယ့် စိတ်နေသဘောထား ဖြောင့်မတ်ရမယ်

...
အဲဒီလူက ပိုက်ဆံပေါ ရုပ်ချောဖြစ်ချင်မှဖြစ်မယ်
ဒါပေမယ့် တိုးတက်ကြိုးစားလိုစိတ်ရှိရမယ်
အဲဒီလူက လက်စတွဲတာနဲ့
ဒီကနေ့ကစ ငါတို့အေးအတူပူအမျှ အတူဖြတ်သန်းမယ်လို့ ပြောချင်မှပြောတတ်မယှ်ငါမယူဘူးဆိုတဲ့စိတ် ရှိရမယ်။

(3)ငါတို့ အချိန်းအဆက်တစ်ခု လုပ်ကြရအောင်

ဘယ်လောက်ပဲ အလုပ်များနေစေ၊ ဘယ်လောက်ပဲ ပင်ပန်းနေစေ
အားလပ်တဲ့အချိန်မှာ"နင့်ကိုလွမ်းတယ်"ဆိုတဲ့စကားတစ်ခွန်းပြောရအောင်

ဘယ်လောက်ပဲ နွမ်းလျနေစေ၊ ဘယ်လောက်ပဲ စိတ်ငြီးငြူနေစေ
မအိပ်ခင် တခဏ "ကောင်းသောညပါ"လို့ နှုတ်ဆက်ရအောင်

ဘယ်လောက်ပဲ စိတ်တိုနေစေ၊ ဘယ်လောက်ပဲ ရန်ဖြစ်ထားစေ
...
နောက်တစ်နေ့မနက်မှာ နေရောင်နဲ့အတူ အပြုံးတွေပွင့်လန်းရအောင်

ဘယ်လောက်ပဲ ရိုးရှင်းသာမန်နေစေ၊ ဘယ်လောက်ပဲ စိတ်လှုပ်ရှားမှုတွေနည်းစေ
ညနေဆည်းဆာမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး အတူလျှောက်လှမ်းရအောင်

ဒါ ငါတို့ရဲ့သဘောတူညီချက်ပါ... တစ်သက်တာအတွက် လုံလောက်ပါတယ်။

.
(4)ကောင်လေးက ကောင်မလေးကို ဒီလိုအမြဲပြောတယ်

အကြောင်းမရှိ အကြောင်းရှာ ဂျီကျနေတာပဲ
အလုပ်မရှိ အလုပ်ရှာ စိတ်ကောက်နေတာပဲ
စကားမရှိ စကားရှာ လျှောက်စွပ်စွဲနေတာပဲ
အားအားနေ သဝန်တိုနေတာပဲ
တခြားလူကိုရော သူဒီလိုပဲ ဆက်ဆံသလား မပြောတတ်ဘူး?

တကယ်လို့ တစ်နေ့နေ့မှာ
...
သင့်အပေါ် သူဂျီမကျတော့တဲ့အခါ
သင့်အပေါ် သူစိတ်မကောက် သဝန်မတိုတော့တဲ့အခါ
သင့်အပေါ် တွယ်ကပ်မနေတော့တဲ့အခါ
သင့်ကို ဟိုလို ဒီလို မပြောတော့တဲ့အခါ
သင့်လုပ်သမျှကို မပြုံးမရယ် ဒါမှမဟုတ် မျက်မှောင်ကြုတ်ကြည့်မနေတော့တဲ့အခါ
အဲဒီအချိန်အခါဟာ သူ့ကို သင်လုံးဝဆုံးရှုံးသွားတဲ့ အချိန်ပဲဖြစ်တယ်....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖတ်မိဖတ်ရာ

စာရေးဆရာမကြီး ဂျူးရဲ့ စာအုပ်တွေထဲကကျမအလွတ်ရနေတာလေးတွေ ကျမဖတ်ဖူးတဲ့စာအုပ်ထဲကကျမကြိုက်တာလေးတွေရေးထားတာပါ။
ဘ၀ဆိုတာဘာမှမရနိုင်မှန်းသိရက်နဲ့ ရေချိုးခန်းထဲမှာ ငါးထိုင်မျှားနေတဲ့လူလိုပဲတဲ့။(နံရံ၏အခြားတစ်ဖက်)
ပန်းဆိုတာကြွေပြီးရင်နောက်တစ်ခါပြန်မပွင့်ရဘူးလို့ဘယ်သူပြောသလဲတဲ့။ပန်းဆိုတာနောက်တစ်ကြိမ်ပြန်
ပွင့်လို့ ရပါတယ်တဲ့။
ယောကျာင်္းတစ်ယောက်က မိန်းမတစ်ယောက်ကိုတစ်ကယ်ချစ်နေပြီဆိုတာသိလိုက်တဲ့အချိန်မှာအဲ့ဒီမိန်းမက
သူ့ဘ၀ထဲကထွက်ခွာပြီးပြီဆိုပါစို့ ။အဲ့အဖြစ်အပျက်ကိုဘယ်လိုမြင်သလဲတဲ့။(ချစ်သူရေးတဲ့ကျမရဲ့ညတွေ)
လူမိုက်ကအချစ်ကိုကိုးကွယ်တယ်တဲ့။နောက်ဆုံးမှာဝမ်းနည်းမှုနဲ့ပဲကြုံရတယ်။
လူလိမ်မာကတော့ အချစ်ကိုရှောင်ပြေးတယ်။ဒါပေမဲ့ကိုယ့်ကိုကိုယ်ချစ်ခြင်းနဲ့နပမ်းလုံးရတယ်တဲ့။
သူငယ်ချင်းတို့ေ၇...
ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ..။
ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်.....
...

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။

အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

meaning of love


နာကျင်ရင်တောင် မလွှတ်ချနိုင်တဲ့အရာ
  ပင်ပန်းရင်တောင် ဆုပ်ကိုင်ထားချင်တဲ့အရာ
 အဆုံးသတ်မှာ ခါးသီးရင်တောင် ဆက်ထွေးပိုက်ချင်တဲ့အရာ
 အဲ့တာ အချစ်လို့ခေါ်မလားပဲ။
 ကျမအဖို့တော့ အချစ်နဲ့အတ်တလွန်ဆွဲလာတဲ့အခါ အချစ်က 70% အမြဲနိုင်ပါတယ်။
 တစ်ခါတစ်လေကျတော့ ဒီလိုတွေးမိတယ်။ ချစ်ကြတယ်ဆိုရာမှာ အပြန်အလှန်နားလည်မှု သစ်စာရှိမှုတွေနဲ့
ချစ်ခရီးကိုလျှောက်ရတာထင်ပါ့။
ကျမနဲ့ချစ်သူဟာ ခဏခဏရန်ဖြစ်တတ်ပါတယ်။မကြာခဏဆိုသလိုလည်း ပြသနာတက်ပါတယ်။
တစ်ခါတစ်ခါတော့လည်း လုပ်ရက်လေခြင်း ပြောရက်လေခြင်းလို့ ၀မ်းနည်းမိတဲ့အခါတွေလည်းများပါတယ်။
ဒါပေမဲ့ ခဏခဏရန်ဖြစ်လေ သိသာလာလေက ကျမသူ့ ကိုမမုန်းနိုင်ပါဘူး။ တော်တော်ရယ်စရာကောင်းတာက
သေလောက်အောင်ရန်ဖြစ်ပြိးရင် ကျမတို့က 3နာ၇ီ 4 နာ၇ီအတွင်းပြန်တည့်ပါတယ်။ ကျမကသူစိတ်ညစ်ပြီး
လျှောက်လုပ်မှာစိတ်ပူပြီး သူကလည်း ကျမလျှောက်သွားမှာစိတ်ပူပါတယ်။ ဒါနဲ့ပဲ ပြန်ပြန်တည့်သွားတာပါပဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

dairy

ခုတစ်လော ဘလော့မှာ အသစ်မတင်ဖြစ်ပါဘူး။ကျောင်းကတစ်ဖက် အိမ်ကတစ်ဖက် အလုပ်တစ်ဖက်နဲ့ကျမတစ်ကယ်ကြီးကိုဗျာများနေခဲ့ပါတယ်။ခုမှကျမပြန်တွေးကြည့်မိတာ ယုဇနပလာဇာ
တောင်မရောက်တာ 2နှစ်ပြည့်ပါပြိ။ကျမကိုလိုအပ်နေတဲ့လူတွေကလည်းများပါတယ်။ တစ်ခါမှအကောင်းပြောမခံရပေမယ့် သူတို့ကကျမကိုလိုအပ်နေခဲ့ပါတယ်။တစ်ခါတစ်လေတော့တွေးမိတယ်။
ဝန်ထုပ်ဝန်ပိုးဆိုတာထမ်းနိုင်တဲ့လူမှထမ်းရတာပါတဲ့။ကျမကကြံခိုင်လို့ပေါ့နော်။
အိမ်တစ်အိမ်မှာအလတ်တွေဟာအမြဲတမ်းလူဆိုးလေးတွေဖြစ်တတ်ကြတယ်တဲ့ ။ကျမဖတ်ဖူးတဲ့စာအုပ်တစ်အလုပ်ကပြောတာပါ။အလတ်တွေဟာ အကြီးတွေနဲ့မတူကြောင်းပြဖို့ ပိုခက်ခဲတဲ့လမ်းကိုရွေးတတ်ကြတယ်တဲ့။မိဘတွေအမြင်မှာတော့အ၇ွဲ့တိုက်တယ်ဖြစ်နေတတ်ပါတယ်။
အကြီးနဲ့မတူကြောင်းပြဖို့ အလတ်တိုင်းလိုလိုဟာကြိုးစားတတ်ပါတယ်။အဲ့တာဟာပုံသေနည်းတစ်ခုလိုပါပဲ။
အလတ်တွေဟာမိသားစုကိုမချစ်လို့မဟုတ်ပါဘူး။ဒါပေမဲ့ဖာသိဖာသာနေတတ်ပါတယ်။အရေးအကြီးဆုံးအချိန်မှ
မဟုတ်ရင်မဆိုင်သလိုနေတတ်ပါတယ်။ ဒါကြောင့်အလတ်တွေဟာ ငဂျစ်ကလေးတွေဖြစ်လာပါတယ်။
ခုတစ်လောကျမဟာခံစားချက်တွေနဲ့ထုံထိုင်းနေပါတယ်။ကျမအမေ့နားမှာနေချင်တယ်။အလုပ်ကလည်းလုပ်ရမယ်။ကျမအဖို့ ခုချိန်ဟာ အရေးကြီးဆုံးတက်လမ်းရှိတဲ့အချိန်ဖြစ်ပါတယ်။ သူငယ်ချင်းတို့ရောကြုံဖူးလားဟင်။
ကြိုးတန်းပေါါ်မှာ ၀န်ထုပ်ဝန်ပိုးတွေနဲ့ဟန်ချက်ညီအောင်လျှောက်နေရတဲ့အချိန်လေ။ နောက်တစ်ကြိမ်ဆိုပြန်မလျှောက်ရဲလို့ အနောက်ကိုတောင်ပြန်မကြည့်နိုင်လောက်အောင်ပေါ့။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS