ကျမချစ်တဲ့မက်နိုးလီယားရဲ့  အဓိပယ်ဟာ nobility,preserverance and nature of love တဲ့။
ကျမအတွေးကတော့ ဒီပန်းလေးကို မြင့်မြတ်တဲ့ အင်မတန်ကြိုးစားတဲ့ မိန်းမတွေကို ကိုယ်စားပြုသင့်တယ်ထင်တယ်။ ဖြစ်နိုင်ရင် ကျမ အမေကို အဲ့ပန်းလေးပေးချင်လိုက်တာ။ ကျမမေမေဟာ ကျမတို့အတွက် သူ့ မာနတွေ၊ပျော်ရွင်မှုတွေကိုရင်းနှီးခဲ့တာပါ။ခုဆိုမေမေဟာ brain cuma last stage ကိုရောက်နေပါပြိ။ သူ့ ဘ၀မှာ ကျမကိုမွေးတုန်းကတစ်ကြိမ် ၊ လွန်ခဲ့တဲ့ 4နှစ်က တစ်ကြိမ် ဓာတ်ရောင်ခြည်ကုသခံခဲ့ရပါတယ်။ သူ့ ကိုဆရာဝန်မက 6လသာ အသက်ရှင်မယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ အမေဟာ ကျမတို့ ကိုစိတ်မချခဲ့ပါဘူး။ ဒါကြောင့်မယုံနိုင်လောက်အောင်ကို အသက်ရှင်ခဲ့ပါတယ်။ ခုတစ်ခါ သူ ရောပါပြန်စနေပါပြီ။
သူမနက်တိုင်းခေါင်းမူးပါတယ်။ဒါပေမဲ့ သူ ကျမမောင်လေးအတွက် မုန့်ဝယ်မပြတ်ပါဘူး။ကျမ
ကခေါင်းမာပါတယ်။ သူကကျမကိုလည်းစိတ်မချနိုင်ပြန်ပါဘူး။အမှန်က အမေ့ရင်တွေကွဲကြေဖူး
တာကျမတို့ အသိဆုံးပါ။ အမေ ဘာတွေစွန့်လွတ်ထားတယ်ဆိုတာကောပေါ့။ အမေ က သူ ခံစားနေတာတွေကိုမပြခဲ့ပါဘူး ခုထိလေ။ခုဆိုသူ့ နားက အရည်တွေထွက်နေတယ်။မျက်စိကမမြင်
ရတော့ဘူး။ခေါင်းက အကျိတ်ကြောင့်လေ။ဒါပေမဲ့ အမေဟာ ကျမကိုမုန့်ဖိုးပေးမပြတ်သေးဘူး။
ကျမညဘက်အပြန်နောက်ကျရင်စောင့်တုံးပါပဲ။ ဒီဘလော့လေးရှိမှန်းတောင်မေမေမသိပါဘူး။
သူကအင်တာနက်ဆိုတာဘာမှန်းတောင်မသိရှာပါဘူး။အမေဟာ ကျမအဖို့တော့ ဒုက္ခ တွေ သောကတွေကြုံတိုင်း ရပ်တည်ပေးခဲ့သူပါ။သူသာမရှိတော့ရင် ကျမဘယ်လိုနေရမလဲဆိုတာ မတွေးဝံပါဘူး။ စိတ်ဆင်းရဲစရာ ကြုံတဲ့အခါ သမီးစားဖို့ဆိုပြီး ဟင်းထည့်ပေးမယ့်မေမေ၊ မနက်စာ
မမှီတဲ့အခါ ထမင်းချက်ပေးဖို့ အဒေါ်ကိုခိုင်းတဲ့မေမေ( အဒေါ်ကမနက်ထမင်းထချက်မပေးချင်ပါ)
ပိုက်ဆံမရှိတဲ့အခါ မေကြီး သမီးကိုပိုက်ဆံပေးပါဦးလို့ ပြောခွင့်မရှိတော့တဲ့အခါ ။ ပင်ပန်းပြီး
ဝမ်းနည်းတဲ့အခါ အမေက သီချင်းဆိုပြတတ်ပါတယ်။ကျမကိုကြိုးစားဖို့ပေါ့။
ကျမအလုပ်ကခွင့်မရပါဘူး ။ တစ်လမှတစ်ရက်သာပျက်ခွင့်ရှိပါတယ်။မေမေက သူ့ အခြေအနေ
မကောင်းဘူးဆိုတာသိပါတယ်။ဒါကြောင့် သူ့ နားမှာနေစေချင်ပါတယ်။ ကျမမှာ အလုပ်တစ်ခု
၇ှိမှဖြစ်မယ်ဆိုတာလည်းသိတော့ သူမပြောပါဘူး။ကျမကတော့ အလုပ်လုပ် ပြန်လာ ထမင်းစား
အိပ်နဲ့ပါ။သူ ကျမကိုညဘက်လာလာကြည့်တာကိုလည်းမသိခဲ့ပါဘူး။အမေဟာ ညဘက်ထထပြိး
ခုဆိုသားသမီးတွေကိုလိုက်ကြည့်ရှာပါတယ်။ သူ ခွဲခွာသွားတော့မှာလားဟင်။
ဒီ မက်နိုလီယားတွေဟာအမေ့အတွက်ပါ။ အမေဟာ မြင့်မြတ်တယ်။ သားသမီးတွေအတွက် လောကဓံကိုကြံကြံခံ ခဲ့တယ်။အမေဟာ ချစ်ခြင်းရဲ့ပြယုပ်ဖြစ်တယ်။ကျမဟာခုထိ မိဘကို တစ်ပြားမှပြန်မအပ်တဲ့ မိုက်တဲ့သမီးဖြစ်ပေမဲ့ ကျမ မေမေကိုသိပ်ချစ်ပါတယ်။
magnolia for mom
magnolia 3
magnolia 2
ဒီပန်းလေးနာမည်က Magnolia Jane ။ မက်နိုးလီးယားပင်အောက်မှာ အိပ်ချင်လိုက်တာ ။မက်နိုလီးယားတွေကမျိုးကွဲတွေအများကြီးပါ။ မြန်မာပြည်မှာတော့ စကားပန်းက Magnolia မျိုးစိတ်ပေါ့။
ဒီပန်းလေးနာမည်က Magnolia Butterfly တဲ့လေ ။လှလိုက်ပုံများ လိပ်ပြာလေးတစ်ကောင်လိုပဲနော်။
ဒီအဖြူလေးကတော့ Magnolia Grandiflora ပါ ။ မြန်မာပြည်မှာတော့ ပြင်ဦးလွင်ဘက်မှာရှိတယ်။တတိုင်းမွှေး
လို့ခေါ်ကြမယ်ထင်တယ်။
ဒါကတော့ Magnolia Alta ပါ။ Magnolia တွေက အပွင့်ကြီးကြီးရယ်။
သူက Magnolia LiLi ။ ကြာစကားပေါ့။
Magnolia Kobus ပါ။
်---------------------------------
ငါစောင့်နေတယ်။ ငါ့အိမ်မက်တွေပျံသန်းနိုင်မယ့်နေ့
ငါစောင့်နေတယ်။ အပြုံးတွေအသက်ဝင်မယ့်နေ့
ငါစောင့်နေတယ်။ နာကျင်ခြင်းဆိုတာမရှိတော့မယ့်နေ့
ငါစောင့်နေတယ်။ငါ့ဘ၀ ငါ့လက်ထဲပြန်ရောက်မယ့်နေ့
လူမသတ် မခိုး ဘယ်သူ့ ကိုမှ ဘ၀မဖျက်ခဲ့ပေမယ့်
ငါကထောင်ကျခဲ့သူပါ။
အမှားချင်းတူရင်တောင် ငါကပိုမှားတယ်။
အငိုချင်းတူရင်တောင် ငါကသနားစရာမကောင်းဘူး။
အပျော်ချင်းတူရင်တောင် ငါနဲ့မထိုက်တန်ဘူး။
ငါ့ရင်တွေနာလည်း အဲ့ဒါငါ့အတွက်ဆုလာဘ်တဲ့လေ။
သေရတာ ရှင်ရတာထက်လွယ်တယ်။
ငိုရတာ ရယ်ရတာထက်လွယ်တယ်။
တစ်ခုကိုရဖို့  ငါစွန့်လွတ်ရတာများတယ်။
မျော်လင့်ပေမယ့် မရတာများတယ်။
ရယူဖို့ ကြိုးစားတာထက် စွန့်လွတ်လိုက်တာက ငါ့အတွက်ထိုက်တန်တယ်။
magnolia flowers
ကျမက ဆရာမဂျူးကိုအင်မတန်မှရူးသွပ်သူပါ။ဆရာမဂျူးရဲ့စာအုပ်တွေဆို ကျမကအကုန်လုံးအပြန်
ပြန်အလှန်လှန်ဖတ်ပြီးသားလေ။တော်တော်များများလည်းဝယ်စုထားပါတယ်။ဒါပေမဲ့ ကျမကို
အဆွဲဆောင်နိုင်ဆုံးကတော့ တိမ်နဲ့ချည်တဲ့ကြိုးရယ်၊ချစ်သူရေးတဲ့ကျမရဲ့ညတွေရယ်၊ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ်ပါ။ချစ်သူလားစကားတစ်ပွင့်ဖတ်ပြီး ကျမမှာတစ်ကယ့်ကို မက်နိုးလီးယားတွေကြားထဲရောက်ချင်စိတ်တွေပေါ်လာခဲ့ပါတယ်။ခုလည်း ကျမကြိုက်တဲ့ မက်နိုးလီး
ယားပုံလေးတွေကျမဘလော့မှာတင်မလို့ပါ။ချစ်သူအတွက်ကောနော် ။ ချစ်သူကိုလည်းစိတ်ကြည်
နူးစေချင်တယ်သိလား။
zodic 2
ကန်ရာသီဖွား ( သြဂုတ် 23 - စက်တင်ဘာ 22 )
ဒီတစ်ခါတော့ ကန်ရာသီဖွားတွေအကြောင်းပါ။ချစ်သူ အကြောင်းပေါ့ရှင်။
ကန်ရာသီဖွားတွေဟာ ကမ္ဘာမြေကြိးကိုကိုယ်စားပြုပါတယ်။ သူ တို့ ကို သူတစ်ပါးက သူတို့ရဲ့ နွေးထွေးမှု၊သပ်ရပ်သန့်ရှင်းမှုနဲ့ တည်ကြည်မှုတွေကြောင့်အလွယ်တကူမှတ်မိကြတယ်။ ကန်ရာသီဖွားတွေဟာအိမ်ကိုသပ်ရပ်သန့်ရှင်းပြီးစနစ်တကျဖြစ်အောင်ထားတတ်ကြတယ်။ကန်ရာသီဖွားတွေဟာ အိမ်ကိုထိန်းချုပ်အုပ်ချုပ်ရတာကိုကြိုက်နှစ်သက်ကြတယ်။တစ်ကယ်လို့ သင်ဟာ ကန်ရာသီဖွားအိမ်ကိုသွားလည်ခဲ့မယ်ဆိုရင် သူ့ ရဲ့အိမ်ဟာ သန့်ရှင်းသပ်ရပ်ပြီး သင့်အဖို့ နှစ်လိုဖွယ်ဖြစ်နေလိမ့်မယ်။
ကန်ရာသီဖွားတွေဟာ သူ့တို့ရဲ့ဆန္ဒတွေကို ပြီးပြည့်စုံအောင်လုပ်နေလို့ တစ်ခါတစ်လေမှာ အချိန်
ဖြုံးသလိုတောင်ဖြစ်နေတတ်တယ်။သူတို့ ဟာဘယ်အရာကိုမဆို စေ့စပ်သေချာအောင်လုပ်နေလို့
ပါ။ကန်ရာသီဖွားမိန်းကလေးတွေကတော့ သူတို့ ရဲ့အကျီ်တွေကိုကိုယ်တိုင်ချုပ်လုပ်တတ်ကြတယ်။
သူတို့ဟာ အချုပ်အလုပ်ပိုင်းမှာပါရမီရှိကြတယ်။ကန်ရာသီဖွားအမျိုးသားတွေကတော့ သန့်ရှင်းပြီးသပ်ရပ်တဲ့ဒီဇိုင်းရှိတဲ့အကျီတွေကိုကြိုက်ကြတယ်။တစ်ခါတစ်လေတော့လည်း နေရာကို
လိုက်ပြီး အရောင်အသွေးပေါ်လွင်တဲ့ ရှပ်တွေကိုဝတ်ဆင်ကြတယ် ။ကန်ရာသီဖွားအများစုဟာ
အဖြူေ၇ာင်နဲ့ နေဗီအပြာရောင်တို့ ကိုကြိုက်နှစ်သက်ကြတယ်။
ကန်ရာသီဖွားတွေဟာ ငွေမက်တယ်လို့ပြောနိုင်ပါတယ်။သူတို့ဟာငွေများများရအောင်ရှာပြိး အထက်တန်းကျတဲ့ဘ၀ကိုလိုချင်ကြတယ်။ကန်၇ာသီဖွားတွေဟာ အလုပ်ကြိုးစားသူတွေလည်းဖြစ်
ကြပါတယ်။သူတို့ဟာ စိတ်ချပြီး နွေးထွေးတဲ့ တည်ငြိမ်တဲ့ဆက်ဆံရေးကိုလိုလားကြတယ်။ သူတို့
ဟာ သူတို့မိသားစု သူငယ်ချင်းတွေကို အလွန်ဂရုစိုက်တတ်ကြတယ်။သူတို့ ဟာ တာဝန်သိတတ်တဲ့
သူတွေလည်းဖြစ်တယ်။ သူတို့ ဟာ အဲ့ဒီတာဝန်သိတတ်လို့ပဲ သူတို့ အဖို စိတ်ဖိစီးမှုတွေဖြစ်နေ
တတ်ပါတယ်။
ကန်ရာသီဖွားတွေဟာ ရိုမန်တစ်တော့မဆန်ကျဘူး။ဒါပေမဲ့ သူတို့ ဟာ သူတို့ ရဲ့ အချစ်ရေးမှာ ဥာဏ်ရှိရှိဆုံးဖြတ်ကြတယ်။တစ်ခါတစ်ခါတော့ သူတို့ ရဲ့ရှေးရိုးဆန်မှုဟာ အချစ်ရေးမှာကသိက
အောက်တွေဖြစ်တတ်ပါတယ်။သူတို့ ဟာ ဘယ်ဟာမှန်လဲ မှားလဲဆိုတာကိုလည်း တစ်ခါတစ်လေ
အရမ်းစဉ်းစားလွန်းပါတယ်။
ကန်ရာသီဖွားတွေဟာအသက်ကြီးပိုင်းမှာအိမ်ထောင်ကျခဲ့မယ်ဆိုရင် သူ့ ရဲ့အတွေးဟာ စိတ်ဆန္ဒထက်ပိုပြီး သူ့ အတွက်အရေးပါတတ်ပါတယ်။ကန်ရာသီဖွာေးတွဟာ ဦးနှောက်သုံးလွန်းလို့ တစ်ကယ်အချစ်ကိုလွဲတတ်ပါတယ်။
ကန်ရာသီဖွားတွေဟာ အကူအညီလိုလို့ သူတို့ကိုအကူအညီတောင်းရင်ဘာမှမမျော်လင့်ပဲအရိုး
ကြေအရေခန်းခန်း ကူညီတတ်ကြပါတယ်။
ZODIC
လို့ပါနော်။လောလောဆယ်တော့ မေထုန်ရာသီဖွားတွေအကြောင်း အရင်ပြန်လိုက်တယ်။
မေထုန်ရာသီဖွား(မေ 21 - ဂျွန် 20)
မေထုန်ရာသီဖွားတွေကို မာကျူရီဂြိုလ်ကစိုးမိုးပါတယ်။မေထုန်ရာသီဖွားတွေဟာ စိတ်ရောကိုယ်ပါအနားမရတတ်ပါဘူး။ပြီးတော့ အသေးအဖွဲလေးတွေနဲ့လည်းတစ်ခါတစ်လေ
အလုပ်ရှုပ် စိတ်ရှုပ်နေတတ်ပါတယ်။တစ်နေရာထဲမှာ အကြာကြီးမနေနိုင်ကြဘူး။ အကြာကြိးနေခိုင်းရင် လိမ်ပိန်နေအောင်စိတ်ညစ်နေတတ်ပါတယ်။
မေထုန်ရာသီဖွားတွေဟာ လေ့လာဖို့ကိုဝါသနာပါတယ်။ဒါပေမဲ့ အများကြီးလေ့လာတယ် ။လေးလေးနက်နက်တော့ဘာတစ်ခုကိုမှမလေ့လာဘူး။စွဲစွဲမြဲမြဲဘာမှမလုပ်ဘူး။ဒါကြောင့် မေထုန်
တွေဟာ ဟိုဟာဆိုလည်းသိ ဒီဟာဆိုလည်းသိတယ်။သေချာကျွမ်းကျင်တစ်ဖက်ကမ်းခပ်အောင်
တော့ဘယ်တော့မှမကြိုးစားဘူး။
မေထုန်တွေဟာ သူ့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ အထင်ကြီးခင်မင်မှုကိုရတယ်။ဘာလို့လဲဆို
တော့ သူတို့မှာ ဟာသဥာဏ်ရှိပြိး သူ့ ဘေးကလူတွေကိုမပျင်း၇ိစေလို့ပါ။မေထုန်တွေဟာ အမြဲလို
စိတ်လှုပ်ရှားစရာအသစ်အဆန်းတွေကိုရှာဖွေလေ့ရှိပါတယ်။သူတို့ ဟာ ဆွဲဆောင်မှုရှိုပြိး ဥာဏ်ကောင်းကြပါတယ်။
မေထုန်တွေကိုလူပြောင်လူနောက်တွေလို့လည်းပြောလို့၇ပါတယ်။တစ်ကယ်လို့မေထုန်တွေရဲ့အလေး
ပေးမှုကိုရချင်ရင်တော့ အဲ့လူဟာရယ်စရာမောစရာနဲ့ပျော်ပျော်နေတတ်တဲ့သူဖြစ်ရပါမယ်။
မေထုန်တွေဟာ ဆန့်ကျင်ဘက်လိင်တွေကိုဆွဲဆောင်တတ်ပြီး တစ်ယောက်ထဲကိုအကြာကြိးချစ်ဖို့
ခဲယဉ်းပါတယ်။မေထုန်တွေဟာ အသက်ငယ်ရွယ်ချိန်မှာ ချစ်သူရည်းစားများတတ်ပါတယ်။ဘာလို့
လဲဆိုတော့ သူတို့ရဲ့ ဖြတ်ထိုးဥာဏ်၊ သူတို့ ရဲ့အပြောမှာ ဆန့်ကျင်ဘက်တွေဟာပျော်ဝင်တတ်လို့
ပါပဲ။မေထုန်တွေ ဟာ သူ့ ကိုမချစ်ခင် မကြိုက်ခင်မှာ အင်မတန် ဥာဏ်နီဥာဏ်နက်သုံးပြီးဆွဲ
ဆောင်တတ်ပေမဲ့ သူ့ ကိုတစ်ကယ်ချစ်လာပီဆိုရင်တော့ နောက်ထပ်အသစ်အဆန်းတစ်ခုကို ထပ်
ပြိးရှာဖွေပါတော့တယ်။ဒါဟာလည်း သူတို့ ဟာ အမြဲလိုလို အသစ်အဆန်းကိုမျော့်လင့်နေတတ်လို့
ဖြစ်ပါတယ်။အသက်ငယ်ရွယ်ချိန်မှာ ပိုဆိုးပြီး သက်ကြီးပိုင်းမှာတော့ မေထုန်တွေဟာ အံသြရ
လောက်အောင်ကို စိတ်ငြိမ်းချမ်းမှုကိုရှာဖွေပါတော့တယ်။
မေထုန်တွေရဲ့အမူအကျင့်တွေဟာ အမြဲတမ်းလိုလို အမျိုးမျိုးသောအကြောင်းပြချက်နဲ့ ပြောင်းလဲ
နေပါတယ်။မေထုန်တွေဟာလွတ်လပ်မှုကိုအင်မတန်မြတ်နိုးပါတယ်။လွတ်လပ်မှုအတွက်အသက်ရှင်
သန်သူတွေလို့ တောင်ပြောလို့ရပါတယ်။မေထုန်တွေကိုချုပ်နှောင်ဖို့ ကြိုးစားတာဟာ သူတို့ ကို သင်နဲ့ဝေးရာကိုတွန်းပို့ တာပါပဲ။
မေထုန်တွေကို တစ်ခြားသူတွေကသိပ်ကိုစိတ်လှုပ်ရှားလွယ်တဲ့လူတွေလို့ထင်ကြပါတယ်။မေထုန်
တွေဟာဘယ်တော့မှမရင့်ကျက်ဘူးလို့လည်းပြောလို့ ရပါတယ်။ပြီးတော့မေထုန်တွေ ဟာ သူများ
ကိုထိခိုက်အောင်မလုပ်တတ်ပေမဲ့ ကို ယ့်ကိုထိခိုက်လာရင်တော့ သည်းမခံတတ်ပါဘူး။မေထုန်တွေ
ရဲ့ အပြုံးလေးတစ်ချက် ဟာသလေးတစ်ကွက်ကြောင့်လူသိများထင်ပေါ်တတ်ပါတယ်။
love tonic for lovely ................
ချစ်သူမပြုံးရင် ငါ့အဖို့တော့ မိုးအုံတဲ့နေ့ပဲ။လောကမှာ မိဘကလွဲရင် ချစ်သူကအရေးအကြီးဆုံးပါ။
ကျမမှာကောချစ်သူမှာပါ တာဝန်တွေ ၀တ္တရားတွေရှိပါတယ်။သူကသားကြီးဆိုတော့မိသားစုအတွက်
တာဝန်တွေအများကြီးပါ။သူကအင်မတန်အားနာတတ်တဲ့သူပါ။ခုတစ်လောကျမစိတ်ထဲမှာ မေးခွန်း
1ခုပဲစိုးမိုးနေတယ်။ချစ်သူစိတ်ညစ်တဲ့အခါဘယ်လိုကူညီရမလဲ။
(1)သူ့ဘေးမှာတိတ်တိတ်ကလေးနေတာကများပိုကူညီရာရောက်မလား။
(2)ဒါမှမဟုတ် သူ့ ကိုအကြံဥာဏ်ပေးရမလား။
(အဲ့ဒါကလည်း မပေးတတ်ရင်ယောကျာ်းမာနထိခိုက်နိုင်တယ်လေ။ကျမကအဲ့လောက်သူ့ ကိုချစ်ပါ
တယ်။)
(3)သူပျော်သွားအောင် သူရှိတဲ့နေရာခဏသွားရမလား။
(ဟီး အဲ့ဒါကတော့ ဘတ်ဂျက်ထိခိုက်နေလို့ cancel )
(4)ဒါမှမဟုတ်သူနဲ့ အတိုက်အခံမလုပ်ပဲသူစိတ်ပျော်အောင်နေပေးတာကပိုထိရောက်မလား
(ခုတော့အဲ့လိုပဲနေတယ်လေ။တစ်ခြားနည်းတွေးမ၇သေးလို့)
ချစ်သူ စိတ်ဓာတ်မကျကြေးနော်။ငါတို့ တူတူကြိုးစားရအောင်နော်။ ငါ မင်းဘေးမှာအမြရှိနေမှာပါ
နေရာတွေဝေးလည်း ငါ့စိတ်က မင်းအနားမှာပါနော်။
love for him
အချစ်ဆိုတာ အနိုင်ယူဖို့လည်းမဟုတ်ပါဘူးလေ။ကိုယ်ချစ်တဲ့သူ ပျော်နေရင် ကိုယ်လည်းပျော်၇ွင်ရတာပါပဲ။ တစ်ခါတစ်လေတော့လည်း အချစ်မှာ အထင်မြင်လွဲမှုလေးတွေတော့ရှိသေးတာပေါ့ ။ကျမရဲ့သူဌေးကပြောပါတယ်။အချစ်ရေးမှာ အဆင်ပြေချင်ရင် တူညီလာအောင်မကြိုးစားပါနဲ့တဲ့။သူလည်း သူပျော်သလိုနေပြီး ကိုယ်လည်း ကိုယ်ပျော်သလိုနေပါစေတဲ့။ အဓိကက ချစ်နေဖို့ ပါပဲတဲ့။တစ်ယောက်နဲ့တစ်ယောက် တစ်ထပ်တည်းကျဖို့ ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါတဲ့။ဒါကြောင့် မညှိပါနဲ့တဲ့လေ။
ကျမနဲ့ကျမချစ်သူကတစ်ခါတစ်လေရန်ဖြစ်တတ်ပါတယ်။ကျမကစိတ်ညစ်ရင်လျှောက်သွားတတ်
ပါတယ် ။ သူကလည်းအဲ့တာကိုနည်းနည်းမှမကြိုက်ပါဘူး။အမှန်ကတော့ ကျမကအိမ်မှာငိုလို့မရလို့လမ်းလျှောက်နေတာပါ။ ချစ်သူကလည်း စိတ်တွေတို သူစိတ်တိုတော့ကျမကလည်းစိတ်ပိုညစ်နဲ့ မုန့်လုံးစက္ကူကပ်လို့ပေါ့။အမှန်ကချစ်သူက သူ့မှာလည်း
အိမ်အတွက်ပူရ ကျမကိုပူရနဲ့ စိတ်တော်တော်ညစ်နေခဲ့တာပါ ။ကျမကလည်းသူများပြောင်းလဲနေ
ပြိးလာလို့ တွေးပူတာနဲ့ ပြသနာတွေချည်းလှိမ့ှ်ရာနေမိတယ်။ဒီနေ့မှသိတယ်သူ့ ခမျာဘယ်လောက်
စိတ်ဖိစီးနေတယ်ဆိုတာ။ သနားပြီး စိတ်မကောင်းလည်းဖြစ်မိတယ်။ သူ့ ခမျာ ကျမကတစ်ဖက် အိမ်ကတစ်ဖက် အလုပ်ကတစ်ဖက်ရယ် ။ချစ်သူ ကျမကိုစိတ်မပူနဲ့နော် ။အလုပ်ကိုပဲအာရုံစိုက်လုပ်နော်။ကျမကြောင့်ထပ်ပြီးစိတ်မပူစေချင်တော့ပါဘူးလေ။ ချစ်သူ မင်းပျော်ရင်ငါကျေနပ်နေမှာပါ။
love for u
မနက်မနက်နင့်အိပ်ရာနံဘေးက နှင်းမှုန်လေးထဲမှာ ငါ့အလွမ်းတွေပါနေခဲ့ပါတယ်။နေရောင်လာရင်
ကွယ်ပျောက်သွားမယ်ဆိုလည်း ငါ့အလွမ်းတွေပါခဲ့ဖူးတာသတိရပေးပါချစ်သူ။သာမန်မိန်းကလေး
တစ်ယောက်ရဲ့အချစ်ဟာ ဂန္တ၀င်မတင်လောက်ပေမဲ့ ငါလည်းချစ်ချင်တယ်။နင့်ကို အသက်ထက်ကို
ချစ်ချင်တယ်။နင်နဲ့ပက်သက်လို့ အိမ်မက်တွေလည်း ခုထိမိုးမလင်းသေးပါဘူး။ငါ့အဖို့ တော့ နင်အမုန်း
တစ်ချက်မှာ အသက်ဆုံးနိုင်ခဲ့ပါတယ်။အချစ်သစ်ပင်ဆိုလား နွယ်လိုမျိုးလား။တစ်နေ့တစ်ခြားငါ့နှလုံးသား
ကို ရစ်တွယ်နေခဲ့တယ်။နင်နဲ့သာဆို နေမင်းကွယ်ပြီး လမင်းရောက်လည်း သတိမထားမိခဲ့ဘူး ။ နင်ကတော့
ငါခဏခဏချစ်တယ်ပြောလို့ စိတ်ညစ်နေမှာနော်။ငါကတော့ နင့်ကို ချစ်တယ်ချစ်တယ်လို့ ငါရဲ့နောက်ဆုံးချိန်အထိ ပြောနေခဲ့ချင်တယ်။နင့်ဆံပင်တွေဖြူသွားသည့်တိုင်အောင် နင့်သွားတွေကျိုးသွား
သည့်တိုင်အောင် နင့်နားမှာ ၇န်ဖြစ်ရင်း စိတ်ဆိုးရင်း စိတ်ကောက်ရင်း ရယ်မောရင်း နာကျင်ရင်းနဲ့ပေါ့။နင်ကော ငါ့အနားမှာနေပျော်ပါ့မလား စိတ်ပူတယ် ချစ်သူရယ်။
he
သူ
သူ အသက်ရှုနေတဲ့လေထုကိုချစ်တယ်
သူ ရပ်တည်နေတဲ့မြေကြီးကိုချစ်တယ်
သူ ရဲ့အပြုံးတွေကိုချစ်တယ်
သူ ရဲ့မျက်ရည်တွေကိုလည်းချစ်တယ်
သူ ယုံကြည်တာတွေကိုလည်း ချစ်တယ်
သူ မျှော်လင့်တာတွေကိုလည်းမျှော်လင့်ချင်တယ်
သူနဲ့အတူတူပဲ ဒီဘ၀ ဒီခရီးကို ကုန်ဆုံးချင်တော့တယ်
သူ ငိုရင်လိုက်ငိုပြီး သူ ရယ်တဲ့အခါ သူအပြုံးကိုကြည့်နေချင်တယ်
သူ နာကျင်တဲ့အခါ သူ့ ကို အားပေးပြီး နေချင်တယ်
မနက်ခင်း နေခြည်တွေဖြာနေတဲ့အချိန် သူ နဲ့အတူတူလမ်းလျွှောက်ချင်တယ်
သူ့ ပခုံးကိုမှီပြီး ဘ၀ရဲ့အခက်အခဲတွေအကြောင်းပြောပြချင်တယ်
ဝမ်းနည်းတဲ့အခါ ပင်ပန်းတဲ့အခါ သူ ရင်ခွင်မှာမှီပြီး တိုင်တည်ချင်တယ်
သူ ရင်ခွင်မှာပဲ နောက်ဆုံးအသက်ရှုသွားချင်တော့တယ်
memory for love
ဒီဘလော့လေးကိုတော့ ချစ်သူအတွက် လို့တောင်နာမည်ပေးသင့်တယ်လို့ သူငယ်ချင်းတွေကပြောကြတယ်။ သူငယ်ချင်းတွေကတော့ အံသြလို့ရယ်။အမှန်ကတော့ ဒီဘလော့ကို ဂျီတော့ မက်ဆေ့မှာ တင်လိုက်ကတည်းက ကျူမယ့်သူလည်းမရှိတော့ပါဘူးလေ။ ဒါတောင်ချစ်သူက စိတ်ပူနေသေးတယ်၊ကျမချစ်သူအကြောင်း ဘယ်လောက် သူငယ်ချင်းတွေကိုပြောသလဲဆို ခုဆိုရင် ကျမတို့ သူငယ်ချင်းအချင်းချင်း ပြောတဲ့စကားတွေမှာ ချစ်သူသုံးနေကျစကားလုံးလေးတွေကိုသုံးဖြစ်နေကြပီ။ သူငယ်ချင်းတွေပြောတိုင်းလည်း ကျမကချစ်သူကိုလွမ်းလွမ်းနေကြ။ကျမချစ်သူပြောနေကြစကားလေးတွေကို ကျမတို့ သူငယ်ချင်းတွေသုံးနေကြက
1။မခန့်တာ
2။သေလေ
3။ထွီ
4။ဖြီး တဲ့။ အမှန်တော့ အညာလေသံပါပဲ ။ကျမကသဘောကျလွန်းလို့ သူငယ်ချင်းတွေကိုပြောပြ
တော့ သူတို့ကလည်း သဘောကျကြတာကိုး။ဒါနဲ့ပဲပြောဖြစ်သွားကြတယ်။နည်းနည်းတော့အူ
ကြောင်ကြောင်နိုင်တဲ့ဘလော့ဖြစ်ပေမယ့် ကျမ သူ့ ကိုအဲ့လောက်ချစ်ကြောင်းသိစေချင်လို့ပါ။
apologize to u
ကျမလည်း ဘယ်လောက်ရင့်ကျက်ချင်ယောင်ဆောင်ဆောင် မိန်းကလေးဟာမိန်းကလေးပါပဲ ။ ချစ်သူလည်း
ရန်ကုန်လာရော အမှန်ဆို သူခမျာ ပိုက်ဆံတွေအကုန်ခံပြိးလာရရှာတာကို မိန်းကလေးထုံးစံအတိုင်း ရသမျှအခိုက်အတံလေးကို ဆိုးလိုက်တာပဲ ။ခုသူပြန်သွားမှ ငါတော်တော်မကောင်းပါလားလို့ စိတ်မကောင်း ဖြစ်နေတယ် ။ပြီးတော့ ကျမအမှား2ခုလည်းလုပ်လိုက်မိတယ်။အမှန်က မိန်းကလေးဆိုတာ ကိုယ့်ကောင်လေး
ရှေ့မှာ အစားတွေများများမစားရဘူးတဲ့။ဒီလောက်၇ိုးရှင်းတဲ့ ဥပဒေသလေးကိုတောင်မှမေ့ပြီး ချစ်သူရှေ့မှာမှ
အ၇မ်းစားမိလိုက်တယ် ။ ဟီး ရှက်တာ။ပြီးတော့ ဒီလောက်တစ်ယောက်နဲ့တစ်ယောက်တွေ့ ဖို့ ခက်တာချည်းကိုး
ခဏခဏစိတ်ကောက်မိတယ်။ပြန်တော့မှစိတ်မကောင်းတွေဖြစ်နေတယ်။အမှန်တော့မိန်းကလေးသဘာဝက
ထိန်းမရချင်ဘူးကိုး ။ဆိုးချင်နွဲ့ ချင်နေသေးတယ်လေ။ဒီစာလေးနဲ့ချစ်သူကိုတောင်းပန်ပါတယ်။