ဒီနေ့တော့ သူဌေးက ၀မ်နင်ပေးထားလို့ ကျမမှာ ချစ်သူကိုယ်တောင် ဂရုမစိုက်နိုင်ခဲ့ဘူး ။ ချစ်သူဆီ ပုံမှန်ဆက်နေကျထက်လျှော့ပြိးဖုန်းဆက်ခဲ့တယ်လေ။ ချစ်သူကအပြစ်မတင်ခဲ့ရှာပါဘူး။ချစ်သူကိုလည်းကျေးဇူး
တင်မိတယ်။ဒီကနေလည်းတောင်းပန်ပါတယ်။အလုပ်ကအရမ်းကိုဖီအားများလာလို့ပါ။ပြီးတော့ ကြိုးစားရမယ်လေ ။ ကျမက ချစ်သူဆီကိုအရောက်လာခဲ့မယ်လေနော်။ချစ်သူလဲကြိုးစားနော်။ချစ်သူရယ် လွမ်းတယ်။
rememberence
my view for my organization
ရုရှားပိုင်တဲ့ co.,တစ်ခုကို အလုပ်ကိစ္စသွားရှင်းပြတယ်။အဆင်လည်းပြေပါတယ် ။ဒါပေမဲ့ သူတို့ကကျမတို့လူမျိုးတွေကို ရယ်နေကျတယ်။ IT သမားတစ်ယောက်က Responsibilities တွေကို အများကြီးရေးထားလို့လေ ။အဲ့တာတွေက တစ်ကယ်ရောရှိလိုလားတဲ့။သူကိုယ်တိုင်ရေးတာ ဟုတ်ရဲ့လားပေါ့။ဒီနေ့သွားမှကျမကိုယ်ကျမအားမလိုအားမရဖြစ်မိတယ်။ ငါ English ကိုတော်တော်လိုသေးတာပါလားလို့ ။ ဟုတ်တယ် ကျမတို့တွေအများကြီး ကြိုးစားရမယ် ။ 2015 မှာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေလာတော့မယ် လေ ။ သူတို့ကတစ်ကယ်ကို ပညာ၊အရည်အချင်း၊အတွေ့ အကြုံအပြည့်အစုံနဲ့လေ။ ကျမတို့လည်းအမှန်တော့မညံလှပါဘူး။ခက်တာက တစ်ချို့နေရာလေးတွေပြင်ရဦးမယ်။ ဆိုင်တော့မဆိုင်ပေမဲ့ ပြောရဦးမယ်။ ကျမကကျောက်မြောင်းမှာအင်တာနက်ထိုင်တယ်လေ။စိတ်ပျက်စရာကောင်းတာက အကောင့်ခိုးပြီးလာအပ်ကြတာပဲ။ အဲ့အကျင့်ကတော်တော်စရိုက်ကျတယ်။ကျမဖြင့်ဘေး
ကလူဘယ်သူမှန်းမသိဘူး။ကျမပြောတာမကျူနဲ့မဟုတ်ဘူး ကျူပါ ။ကျမကလှလည်းမလှပါဘူး။ချစ်သူနဲ့
ချက်နေတာလည်းမြင်နေသားနဲ့ကို။မာနကြီးတာမဟုတ်ဘူးနော်။တစ်ကယ်ခင်ဖို့ကောင်းတဲ့လူတွေ၇ှိပါတယ်။ယဉ်ယဦကျေးကျေးပဲ။ခုဟာက တစ်ချို့ ကစပ်စုတာလိုလို ဘာမှန်းကိုမသိတာ။ကျမဆိုလိုတာက လူတိုင်းမှာ
ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်မို့လား။ ဘာလို့ အလကားစပ်စုနေမလဲ။သူများအကြောင်းတွေးမယ့်အချိန်မှာ
ကိုယ့်အကြောင်းကိုယ်တွေးတာပိုမကောင်းဘူးလားလို့နော် သူငယ်ချင်းတို့။ ကျမချစ်သူကိုကျမချစ်တာ
sadness of ....
ဘာမှမလုပ်ပဲနဲ့ ရင်ဘတ်ထဲကနေနာနေတာလေ
ငိုလို့ လည်းမရ ရယ်လို့လည်းမရနဲ့ တော်တော်ခံ၇ခက်ပါတယ်
စိတ်ဓာတ်လည်းကျတယ် တစ်ကယ်တော့ကျမကတော်လို မဟုတ်ပါဘူး
မကြီုးစားရင် ကျမကိုနင်းခြေသွားမှာစိုးလို့ပါ ကြောက်ကြောက်နဲ့ပြေးနေရတာ အနားကိုမရသေးပါဘူး
ပင်ပန်းလှပြီ မျက်လုံးနက်နက် ခေါင်းသေးသေးလေးနဲ့လောကကြိးကိုနောက်တစ်ကြိမ်ရင်ဆိုင်ရရင် သေဖို့သာရှိတော့သာပဲ
ပင်ပန်းလှပြီ ပခုံးပေါ်က ၀န်ထုပ်ဝန်ပိုးတွေကိုလေ
အမှန်က သိပ်တော်နေလို့ သိပ်သတ္တိရှိလို့မဟုတ်ပါဘူး မဖြစ်မနေမို့လို့ ပါ
သိပ်ပြိးတော့လည်း တာဝန်မကျေခဲ့ပါဘူး အဲ့အတွက်လည်းစိတ်မကောင်းဖြစ်တယ်
ကိုယ်ကိုကိုယ်လည်းအားမလိုအားမရဖြစ်ပါတယ်
မျှော်လင့်ချက်လေးတော့ထားချင်သေးတယ် တစ်နေ့တော့ကျမလည်း ပျော်ရွင်ရမယ့်နေ့တွေရောက်လာမယ်လို့
ဟုတ်တယ်နော် ပျော်ရမှာပါ တစ်နေ့တော့ ကျမကိုယ်ပိုင်အိမ်ကလေးနဲ့ ကျမကိုယ်ပိုင်ဥယျာဉ်ကလေးနဲ့ပေါ့
အိမ်ရှေ့မှာထိုင်ပြီး ငှက်ကလေးတွေသီချင်းဆိုတာကိုထိုင်ကြည့်ဖို့ အချိန်လေးရဦးမှာပါ
ပြိးတော့ တစ်ခါ ကျမကို စိတ်ဆင်းရဲအောင် ထိုးနှက်ခဲ့တဲ့လူတွေကို အာ၈ါတမထားပဲ ပြုံးပြနိုင်မှာပါ
sadness
ဒီနေ့တော့ ငိုချင်နေတယ် ဟုတ်တယ် စိတ်ညစ်တယ်
ကျမကအမြဲကံမကောင်းတဲ့သူပါ အလုပ်ဆိုလည်းသူများထက်ပိုလုပ်ရတယ် ဒါတောင် သူဌေးကမျက်နှာသာမပေးဘူးလေ
အမြဲလိုလိုပါပဲ ဒါကြောင့်ကဗျာလေးတင်ထားခဲ့ဘူးတာ ကျမကရေတစ်ခွက်သောက်ဖို့ချွေးပေါက်ပေါင်းအများကြီးရင်းရတဲ့လူပါ
love meaning for me
ခုလည်း ကိုယ့်ဘက်ကမကျပေမဲ့ သူ့ ဘက်ကကျနေတော့လည်းစိတ်ညစ်ရတာပါပဲ
ပြီးတော့စိတ်ပူစရာကလည်းရှိလာတယ် ။ သူဌေးက ဒီနေ့တားဂတ်တွေတိုးမယ့်အကြောင်းပြောတယ်။တစ်လကို basic target 350000 ကနေခုတော့ 500000 တိုးမယ်တဲ့ ။ အလုပ်တွေ အသကုန်လုပ်ရတော့မယ်။မလုပ်နိုင်ရင်ထွက်တဲ့လေ။
ချစ်သူ ကိုလည်းစိတ်ပူတယ် အရင်လို ၈ရုမစိုက်နိုင်မှာစိုးလို့ ။သူ ကအလုပ်ခဏနားထားလို့စိတ်လေနေတယ်လေ။
ဂိမ်းတွေချည်းနင်းကန်ဆော့နေတယ်။ပိုက်ဆံလည်းပိုရှာမှဖြစ်မယ်လေ။ကျမအဖို့ ကတော့ ပြန်လည်ရောက်ရှိလာပြီ Fighting day တွေပေါ့။သိတယ်မို့လား ။ ချစ်သူနဲ့ ဝေးသွားမှာလည်းကြောက်တယ်။ကျမလုပ်တဲ့အလုပ်က စိတ်ရောကိုယ်ပါ နှစ် လုပ်ရတာလေ။ အမှန်ကတော့ ကျမအ၇င်အချိန်လေးတွေကိုပြန်လွမ်းနေပါတယ် ။အရင်ကဆို ကျမတို့ 2ယောက်လုံးမအားကြဘူးကို။ အဲ့တော့ ဟီး သူအလုပ်မှာဆိုကျမစိတ်ချတယ်လေ။ခုတော့ သူကိုစိတ်ပူနေရတယ်။
သူနဲ့ကျမက တစ်မြို့ဆီကိုး ။စိတ်ပူတယ်ရှင်။ အလုပ်ကလည်း အာရုံစိုက်ပြိးတော့ကိုလုပ်မှဖြစ်မှာ ။အရှုံးမပေးချင်ဘူးရှင်။
ဘယ်အရာကိုမှ အချစ်မှာလည်းမရှုံးချင်ဘူး။အလုပ်မှာလည်းမရှုံးချင်ဘူး။ဘ၀မှာလည်းမရှုံးချင်ဘူး။ထပ်ပြီးအရှုံးမပေး
ချင်ဘူး။အချစ်ကိုလည်း ကျမကပြုစုပျိုးထောင်ရဦးမယ်။ကျမတို့ အချစ်ကလေးခိုင်မြဲဖို့ လေ။ တစ်ကယ်တော့ အချစ်ဆိုတာလည်း သစ်ပင်လိုပဲ ပြုစုပျိုးထောင်ရတယ်။ အသီးအပွင်လေးတွေရလာတဲ့အထိပေါ့ ။ကျမရဲ့ အချစ်သစ်ပင်လေးကို ပြုစုစောင့်ရှောက်တာကိုလည်း ကျမကအလုပ်တစ်ခုသတ်မှတ်ပါတယ်။ခုဆို ညတိုင်း စောင့်ရှောက်ပါတယ်။စာလည်းလေ့လာရဦးမယ်။ဟုတ်တယ် အရှုံးမပေးတော့ဘူးနောက်ထပ်။ သူများအသနားလည်းမခံချင်ဘူး။ရအောင်ကိုကြိုးစားမယ်။အချစ်ကော ဘ၀ကောအောင်မြင်မှဖြစ်မယ်။
ချစ်သူကိုလည်း တစ်ခုတောင်းဆိုချင်တယ် ။ သူရှိတဲ့နေရာကိုလာနိုင်အောင်ကြိုးစားနေလို့ ဒီအတိုင်းအဲ့နေရာမှာငြိမ်ငြိမ်
လေး ရပ်စောင့်နေပေးပါလို့ ။ပြိးတော့ စိတ်ဓာတ်လည်းမကျပါနဲလို့ ။အကြာကြိးစောင့်ရလို့ အားနာပါတယ်လို့ ။
ြ မန်မြန်ရောက်အောင်တတ်နိုင်သမျလာခဲ့ပါမယ်လို့ ။ပြိးတော့ ချစ်သူမှာ အစွမ်းအစတွေအများကြီးရှိပါတယ်လို့ ။
ကိုယ့်ကိုကိုယ်ယုံကြည်ပြီး အလုပ်ကြိုးစားပါလို့ ။ချစ်သူစိတ်ဓာတ်ကျတာ စိတ်လေနေတာမမြင်ရက်လို့ပါ လို့။
ဘလော့လေးလည်းမဖတ်ရတာကြာလှပြီ။လွမ်းလှပြီ အ၇င်အချိန်လေးတွေကို။
song of my belove lover
song for my belove lover (2)
သူ့ ကိုလည်းဆိုပြချင်တဲ့သီချင်းလေးပါရှင်
နောက်တစ်ပုဒ်ကတော့ ဆည်းလည်းသံပါ သူ့ ကိုကျမ ဆိုပြဖူးတဲ့သီချင်းလေးပါ မနက်အစောကြီး
အမေတို့နိုးမှာလည်းကြောက်ရသေးတယ် အဲ့အချိန်လေးတွေပြန်သတိရပါနေတယ်
i love him so much
ဒီနေ့တောအများကြိးရေးမှပဲ သူ့ အတွက် တစ်ပတ်စာပါ ဒါမှသူတစ်ပတ်လုံးဖတ်လို့ရမှကိုး ဒီနေ့တော့ ကျမမှာဖုန်းမရှိတုန်းက ဘယ်လောက်ဒုက္ခဘယ်လောက်ရောက်ခဲ့လဲဆိုတာ သူသိစေချင်တာပါ (အိမ်မှာဖုန်းရှိပေမဲ့ အကြီးမငယ် 30နားကပ်မှဖုန်းခိုးပြောရင်အဆဲခံရမှာပေါ့ရှင့်)
အရင်ကကျောင်းကလည်းတက်နေသေးတယ်လေ အဲ့တော့ စာထထကျက်တယ်ဆိုပြီး မနက်4နာရီထ
ဖုန်းခိုးဆက်ရသကိုး ဟီး ခုတော့ အဲ့အချိန်လေးတွေတောင်လွမ်းသေးတယ် ခုကျတော့ မဆက်နိုင်တော့ဘူးကို အဖေသတ်မှာဆိုးလို့ လေ အင်း ကြင်နာသူအပေါ် တာဝန်တွေလည်း ပေါ့လျှော့နေပြိ ဒီဘလော့လေးနဲ့ပဲခွင့်လွတ်ပေးပါတောင်းဆိုရမှာပဲ ပြီးတော့ကျောင်းကအပြန်လည်း
ဖုန်းဆက်ရသေးတယ်ရှင် သူ့ ကနှိုးပါဆိုသကိုး ဖုန်းဆိုင်တွေကမှတ်မိမှာလည်းရှက်သေးတယ် အဲ့တော့ 3 ရက်ခြား 4ရက်ခြားတစ်ဆိုင်ပေါ့လေ လှည့်ပတ်ဆက်လိုက်တာ မှတ်တိုင်နားက PCO တွေလည်း ကုန်ရောပဲ :P
အဲ ကျောင်းနားကမှတ်တိုင်ပဲလား ရပ်ကွက်ထဲက ဖုန်းဆိုင်တွေလည်းကုန်ရောပဲ ဒီကြားထဲ သူ့ ဖုန်းက CDMA ဖြစ်ပြီး အင်တာနက်ကျရင် သူ့ ဖုန်းကပါခေါ်မရဘူးရှင် သူဖုန်းကလည်း ကြီးကျယ်တယ်ပြောရမလားပဲရှင့် ဟန်းဆက်ကောင်းတဲ့ကြိုးဖုန်းတွေနဲ့ခေါ်မှဝင်သရှင် အဲ့တော့
ကျမလည်းခြေကိုတိုရောပေါ့ လိုက်ဆက်ရတာ ဒီကြားထဲတစ်ခါတစ်ခါ ဆက်သွယ်ရေး ကောင်းချက်က လူကြိးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှားယွင်းနေပါတယ်ရှင် တို့  တပ်ဆင်ထားခြင်းမရှိသေးပါရှင်တို့ လုပ်သေးတာ အဲ့တော့ဖုန်းအိမ်တွေက ဟာ... ဒီကောင်မလေး မရှိတဲ့ဖုန်းကြိးခေါ်နေတယ်ထင်တာပေါ့ရှင့် ကျမမှာလည်း မျက်နှာပြောင် တိုက်ပြီး ကြာကြာမဆက်ရဲပါဘူး နောက်တစ်ဆိုင်ပြောင်းရတာပေါ့ ရန်ဖြစ်တဲ့နေ့တွေဆို ပိုဆိုးသေးတယ် စိတ်ကိုတစ်အားညစ်ကောပဲ ကျမကပြသနာကိုမရှင်းပြိးမချင်း စိတ်ထဲမကြေလည်မချင်းရှင်းချင်နေတော့တာလေ
ခုတော့ အဲ့ဖုန်းဆိုင်လေးတွေကတောင် ကျမကိုသိနေပြီ ခုမလာတာကြာလို့တောင်မြင်ရင် သူတို့ ကရယ်ပြနေသေးတယ် သူရန်ကုန်လာမှသေချာလိုက်ပြရမယ် ဘယ်လောက်ကျမ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ဖုန်းဆက်ထားတယ်ဆိုတာပေါ့ရှင်
love meaning for me(5)
အဟဲ ကြင်နာသူအကြောင်းတွေချည်းတင်ဖြစ်နေတယ် ။ ဒီလိုပဲပေါ့ ရှင်
အချစ်မှာလည်းအဲ့လိုလေးတွေကလိုအပ်သကိုး။
ဖတ်ဖူးတဲ့စာထဲမှာ လင်မယားဖြစ်သွားရင်တောင်
အဲ့လိုမျိုးကြင်ကြင်နာနာတွေပြောနေရတယ်ဆိုပဲ။ဟဲ ဟဲ သူကလည်း သဘောကျသကိုး ။
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ့်ချစ်သူကြိုက်ဖို့လိုသကိုး။ ပြီးတော့
အမှတ်တရလေးလည်းဖြစ်တယ်လေ။ အဟဲ သူငယ်ချင်းတို့လည်းစိတ်ပါရင် လုပ်ကြည့်ပါလား ။
ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်လဲ သူသိအောင်ပေါ့နော့ ။ ဟိ ဟိ ။
သူ နဲ့၇န်ဖြစ်ရတာလည်းကြိုက်တယ် ။စိတ်ကောက်လို့ ပြန်ချြော့ပိး သူစိတ်ပြေလို
့ရယ်ရင်လည်းချစ်တာပဲ။ နေသာတဲ့နေ့တွေမှာဆို သူလက်ကိုတွဲပြီး
လမ်းလျှောက်ချင်တယ်။ မိုးအုံတဲ့နေ့ တွေမှာဆို ကော်ဖီတူတူသောက်ရင်း
သီချင်းနားထောင်ချင်တယ် ။ဝမ်းသာစရာရှိခဲ့ရင် သူ့ ကိုအရင်ဆုံးပြောပြချင်တယ် ။
ဝမ်းနည်းစရာရှိတဲ့နေ့တွေဆို သူ့ ပခုံးပေါ်ခေါင်းမှီပြီး အခက်အခဲတွေကို
ပြောပြချင်တယ်။ ဘ၀ဆိုတာက တိုတိုလေးမဟုတ်လား ။ ကျမလည်း သူများတွေလိုမျိုး
ရှင်သန်ခွင့်ရှိတယ်မို့လား ။လုပ်သင့်တာတွေမလုပ်ပဲ
လုပ်ချင်တာလေးတွေလုပ်ကြည့်ချင်တယ် ။ ပြီးတော့လည်း သူများတွေလိုမျိုး
ပျော်ရွင်လို့ ရတယ်မို့လား ။ခုဆို ရင် ကျမရဲ့ နေ့ရက်တိုင်းဟာ သူ့ ကြောင်ပဲအသက်ဝင်လာခဲ့တယ်လေ ။ ဟီး နောက်ဆိုကျမရဲ့ မေတ္တာစာတွေက ကမ္ဘာကျော်ရင်ကျော်နေမှာ ဟဲ ဟဲ။
apologize for my love
ကျမကတစ်ကယ်တော့ problem seeker တစ်ယောက်ပါ တစ်နေ့တစ်မျိုးမရိုး၇အောင်ကို ကျမတို့ ရန်ဖြစ်တယ် စိတ်မကောင်းဖြစ်တယ် ပြီးတော့ ပြန်တည့်ကြပါတယ် တစ်ကယ်တော့ ကျမကိုယ်နှိုက်ကလည်းမကောင်းတာပါ ကျမကစကားပြောလောကြီးပါတယ် ကိုယ်ပြောချင်တာကို သူများသဘောပေါက်လားမပေါက်လားမသိ ခရားရေလွတ်ပြောလေ့လည်းရှိပါတယ် ကိုယ်ဆိုလိုချင်တာကတစ်မျိုး သူသဘောပေါက်တာကတစ်မျိုး ခဏခဏကိုဖြစ်တတ်ပါတယ်။
သူ စိတ်ဆိုးပြီဆို သိပ်စိတ်ညစ်တာပဲ ။ ဘာလုပ်လို့ လုပ်ရမှန်းကိုမသိဘူး။ အမှန်က သူ့ ထက်ကျမကပိုချစ်တတ်လားမသိဘူး။ ခုလည်းဗဟုသုတရတာတင်မယ်ဆိုပြီးဆွေးနွေးခါမှ သူ့ ရဲ့ယောကျာ်းမာနကိုသွားထိခိုက်ရတယ်လို့ .။စိတ်ညစ်ပါတယ် ။ ဒီညလည်းကောင်းကောင်းကိုစာဖတ်ဖြစ်မယ်မထင်တော့ပါ။
သူ့ ကိုပဲဘယ်လိုချော့ရမလဲတွေးနေတော့မှာပဲ။
အော် ......... အချစ် အချစ်
ခုဒီပိုစ်ကနေတောင်းပန်တယ်နော် အဲ့လိုမရည်ရွယ်ပါဘူး ချစ်သူ စိတ်ဆိုးပြေပါတော့ အရင်အတိုင်းလေးပဲခံစားပေးပါနော်
love meaning for me (3)
သူက ကျမသူများနဲ့စကားပြောတယ်ထင်တာတို့  သူ့ ကိုပစ်ထားတယ်ထင်တာတို့  သူ့စကားနားမထောင်ဘူးတို့ ပေါ့ ကျမကျတော့လည်း အဲ့လိုပါပဲ အဓိကက သူကျမကိုမချစ်တော့ဘူးလို့ ထင်ထင်နေတတ်တာ
ကျမချစ်သူကို အဲ့လိုအချစ်မျိုးကိုပဲပေးချင်တယ် ။ ကျမ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ငြိမ်းသွားတာမျိုးမလိုချင်ဘူး။
ကျမဘ၀ကစင်းလုံးချောကြီးမဟုတ်ခဲ့ဘူး။သူများထက်စာရင် ခုချိန်ထိ အိမ်မက်တွေ တစ်ပွေ့ တစ်ပိုက်နဲ့ ပေါ့။ပညာရတာလေးတွေလည်းတင်မှာပါ ။ နောက်ပြီးဆွေးနွေးချင်တာလေးတွေရောပေါ့ ။
love meaning for me 2
love meaning for me(1)
ကျမကအမြဲအဲ့လိုပဲ
မှတ်မိတဲ့သူတွေကတော့ပြန်ပေးပြီး မမှတ်မိတဲ့
ဟီး ....
အင်း ..... သူကလည်း
သူများကအစားဝင်လုပ်လို့ မရနိုင်တဲ့အထိပါတဲ့ ဟီး ..... ကျမက အစွမ်းကုန်ချစ်လိုက်တော့မယ်လေ
ဒါဆို သူ့ ကို ဆုံးရှုံးခဲ့၇င်တောင် ဘယ်တော့မှနောင်တာမရတော့ဘူးလေ။
စကားမစပ် ကျမချစ်သူကတော်တော်စိတ်ကောက်တယ်ရှင်