ဒီနေ့တောအများကြိးရေးမှပဲ သူ့ အတွက် တစ်ပတ်စာပါ ဒါမှသူတစ်ပတ်လုံးဖတ်လို့ရမှကိုး ဒီနေ့တော့ ကျမမှာဖုန်းမရှိတုန်းက ဘယ်လောက်ဒုက္ခဘယ်လောက်ရောက်ခဲ့လဲဆိုတာ သူသိစေချင်တာပါ (အိမ်မှာဖုန်းရှိပေမဲ့ အကြီးမငယ် 30နားကပ်မှဖုန်းခိုးပြောရင်အဆဲခံရမှာပေါ့ရှင့်)
အရင်ကကျောင်းကလည်းတက်နေသေးတယ်လေ အဲ့တော့ စာထထကျက်တယ်ဆိုပြီး မနက်4နာရီထ
ဖုန်းခိုးဆက်ရသကိုး ဟီး ခုတော့ အဲ့အချိန်လေးတွေတောင်လွမ်းသေးတယ် ခုကျတော့ မဆက်နိုင်တော့ဘူးကို အဖေသတ်မှာဆိုးလို့ လေ အင်း ကြင်နာသူအပေါ် တာဝန်တွေလည်း ပေါ့လျှော့နေပြိ ဒီဘလော့လေးနဲ့ပဲခွင့်လွတ်ပေးပါတောင်းဆိုရမှာပဲ ပြီးတော့ကျောင်းကအပြန်လည်း
ဖုန်းဆက်ရသေးတယ်ရှင် သူ့ ကနှိုးပါဆိုသကိုး ဖုန်းဆိုင်တွေကမှတ်မိမှာလည်းရှက်သေးတယ် အဲ့တော့ 3 ရက်ခြား 4ရက်ခြားတစ်ဆိုင်ပေါ့လေ လှည့်ပတ်ဆက်လိုက်တာ မှတ်တိုင်နားက PCO တွေလည်း ကုန်ရောပဲ :P
အဲ ကျောင်းနားကမှတ်တိုင်ပဲလား ရပ်ကွက်ထဲက ဖုန်းဆိုင်တွေလည်းကုန်ရောပဲ ဒီကြားထဲ သူ့ ဖုန်းက CDMA ဖြစ်ပြီး အင်တာနက်ကျရင် သူ့ ဖုန်းကပါခေါ်မရဘူးရှင် သူဖုန်းကလည်း ကြီးကျယ်တယ်ပြောရမလားပဲရှင့် ဟန်းဆက်ကောင်းတဲ့ကြိုးဖုန်းတွေနဲ့ခေါ်မှဝင်သရှင် အဲ့တော့
ကျမလည်းခြေကိုတိုရောပေါ့ လိုက်ဆက်ရတာ ဒီကြားထဲတစ်ခါတစ်ခါ ဆက်သွယ်ရေး ကောင်းချက်က လူကြိးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှားယွင်းနေပါတယ်ရှင် တို့  တပ်ဆင်ထားခြင်းမရှိသေးပါရှင်တို့ လုပ်သေးတာ အဲ့တော့ဖုန်းအိမ်တွေက ဟာ... ဒီကောင်မလေး မရှိတဲ့ဖုန်းကြိးခေါ်နေတယ်ထင်တာပေါ့ရှင့် ကျမမှာလည်း မျက်နှာပြောင် တိုက်ပြီး ကြာကြာမဆက်ရဲပါဘူး နောက်တစ်ဆိုင်ပြောင်းရတာပေါ့ ရန်ဖြစ်တဲ့နေ့တွေဆို ပိုဆိုးသေးတယ် စိတ်ကိုတစ်အားညစ်ကောပဲ ကျမကပြသနာကိုမရှင်းပြိးမချင်း စိတ်ထဲမကြေလည်မချင်းရှင်းချင်နေတော့တာလေ
ခုတော့ အဲ့ဖုန်းဆိုင်လေးတွေကတောင် ကျမကိုသိနေပြီ ခုမလာတာကြာလို့တောင်မြင်ရင် သူတို့ ကရယ်ပြနေသေးတယ် သူရန်ကုန်လာမှသေချာလိုက်ပြရမယ် ဘယ်လောက်ကျမ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ဖုန်းဆက်ထားတယ်ဆိုတာပေါ့ရှင်
i love him so much
4/22/2012 03:02:00 PM |
Labels:
love
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment