ရင်နာတယ်ဆိုတာကြုံဖူးလားဟင် ရင်ဘတ်ကြီးတစ်ခုလုံးဆုတ်ဖြဲထားသလို အသက်ရှင်သန်ဖို့ဘာမှမကျန်တောသလိုမျိုး ရင်ဘတ်ထဲကနေနာနေတာ
ဘာမှမလုပ်ပဲနဲ့ ရင်ဘတ်ထဲကနေနာနေတာလေ
ငိုလို့ လည်းမရ ရယ်လို့လည်းမရနဲ့ တော်တော်ခံ၇ခက်ပါတယ်
စိတ်ဓာတ်လည်းကျတယ် တစ်ကယ်တော့ကျမကတော်လို မဟုတ်ပါဘူး
မကြီုးစားရင် ကျမကိုနင်းခြေသွားမှာစိုးလို့ပါ ကြောက်ကြောက်နဲ့ပြေးနေရတာ အနားကိုမရသေးပါဘူး
ပင်ပန်းလှပြီ မျက်လုံးနက်နက် ခေါင်းသေးသေးလေးနဲ့လောကကြိးကိုနောက်တစ်ကြိမ်ရင်ဆိုင်ရရင် သေဖို့သာရှိတော့သာပဲ
ပင်ပန်းလှပြီ ပခုံးပေါ်က ၀န်ထုပ်ဝန်ပိုးတွေကိုလေ
အမှန်က သိပ်တော်နေလို့ သိပ်သတ္တိရှိလို့မဟုတ်ပါဘူး မဖြစ်မနေမို့လို့ ပါ
သိပ်ပြိးတော့လည်း တာဝန်မကျေခဲ့ပါဘူး အဲ့အတွက်လည်းစိတ်မကောင်းဖြစ်တယ်
ကိုယ်ကိုကိုယ်လည်းအားမလိုအားမရဖြစ်ပါတယ်
မျှော်လင့်ချက်လေးတော့ထားချင်သေးတယ် တစ်နေ့တော့ကျမလည်း ပျော်ရွင်ရမယ့်နေ့တွေရောက်လာမယ်လို့
ဟုတ်တယ်နော် ပျော်ရမှာပါ တစ်နေ့တော့ ကျမကိုယ်ပိုင်အိမ်ကလေးနဲ့ ကျမကိုယ်ပိုင်ဥယျာဉ်ကလေးနဲ့ပေါ့
အိမ်ရှေ့မှာထိုင်ပြီး ငှက်ကလေးတွေသီချင်းဆိုတာကိုထိုင်ကြည့်ဖို့ အချိန်လေးရဦးမှာပါ
ပြိးတော့ တစ်ခါ ကျမကို စိတ်ဆင်းရဲအောင် ထိုးနှက်ခဲ့တဲ့လူတွေကို အာ၈ါတမထားပဲ ပြုံးပြနိုင်မှာပါ

0 comments:
Post a Comment