love meaning for me (3)

ဒီနေ့တော့ထိုင်ရတဲ့နေရာလေးလည်းကောင်းတယ် သေချာလေးရေးလို့၇ပြီ  ချစ်သူနဲ့ကျမကတစ်ခါတလေရန်ဖြစ်တတ်သေးတယ် အဓိကကတော့ ဘာရယ်မဟုတ်တာလေးတွေပါ
သူက ကျမသူများနဲ့စကားပြောတယ်ထင်တာတို့  သူ့ ကိုပစ်ထားတယ်ထင်တာတို့     သူ့စကားနားမထောင်ဘူးတို့ ပေါ့ ကျမကျတော့လည်း အဲ့လိုပါပဲ အဓိကက သူကျမကိုမချစ်တော့ဘူးလို့ ထင်ထင်နေတတ်တာ
 အချစ်အကြောင်းကိုပြောရင် sex အကြောင်းပါပါရမယ်ထင်တယ် လူတော်တော်များများက
 အချစ်ကို sex လို့ထင်ကြတယ် များသောအားဖြင့်ပေါ့နော် ရောထွေးနေတတ်ကြတယ် ခုခတ်မှာပိုဆိုးလာတယ် ကျမကထိတွေ့ နေမှ ချစ်တဲ့အချစ်မျိုးကိုမယုံကြည်ပါဘူး အဲ့လိုမျိုးလည်းမချစ်ချင်ဘူး အချစ်ဆိုတာ သူ့ ကိုမထိတွေ့ ရရင် သူ မရှိရင်တောင်မှ ဆွတ်ပျံကြည်နူးနေတာမျိုးပါ ။ သူအကြောင်းစဉ်းစားရုံနဲ့ အလိုလိုပျော်ရွင်လာတတ်တယ် ။ ကျမကသိပ်စိတ်ကူးယဉ်တာပဲတဲ့ ။ကျမအစ်မကပြောတယ် ။ဟုတ်တယ် ကျမကတော့ သူများတွေထက် အချစ်ကိုပိုခံစားတယ် ။ ကျမအချစ်က နုနုရွ၇ွလေး။ ပြီးတော့ တည်တည်ငြိမ်ငြိမ်။  ပြီးတော့တစ်ခါအေးအေးချမ်းချမ်းလေး ။အဲ့လိုအချစ်မျိုးကိုလိုချင်တယ်။ ကျမကလည်း
ကျမချစ်သူကို အဲ့လိုအချစ်မျိုးကိုပဲပေးချင်တယ် ။ ကျမ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ငြိမ်းသွားတာမျိုးမလိုချင်ဘူး။
    ကျမဘ၀ကစင်းလုံးချောကြီးမဟုတ်ခဲ့ဘူး။သူများထက်စာရင် ခုချိန်ထိ အိမ်မက်တွေ တစ်ပွေ့ တစ်ပိုက်နဲ့ ပေါ့။ပညာရတာလေးတွေလည်းတင်မှာပါ ။ နောက်ပြီးဆွေးနွေးချင်တာလေးတွေရောပေါ့ ။
အော် ပြီးတော့ သူပဲဘလော့လေးလုပ်ပေးခဲ့တာပါ ။ 
သူ့ ကိုအားကျပြီးကျမကလည်းဘလော့လေးလုပ်ချင်ခဲ့တာပါ။  သူကကျမဘလော့လည်းကိုလည်းခုဆိုလှအောင်လုပ်ပေးထားပါသေးတယ်။
သူ ကကျမထက် အင်းဂလိပ်စာလည်းတော်ပါတယ်။ကျမအားကျရတဲ့သူပါ။
ဒီနေ့က သူကျမကို ဘလော့လည်းမှာ အရုပ်ကလေးတွေနဲ့ အလှဆုံးဖြစ်အောင် မနက် 5နာ၇ီအထိ သူလုပ်ပေးထားတဲ့နေ့လေးပါ ။
အမှတ်တရနေ့ (18.4.2012)ပါ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment