love meaning for me 2

အချစ်ဆိုတာဘာလဲ လို့ ခဏခဏလူတွေတွေးကြမှာပဲ ကျမလည်းခဏခဏတွေးဖူးပါတယ် သူ့ ဘေးနားမှာအမြဲရှိနေချင်တာလား ။ ဒါမှမဟုတ် သူနဲ့အတူလျှောက်လည်ချင်တာလား။ဒါမှမဟုတ် သူ အသက်ရှနေတဲ့လေထုကအစချစ်နေတာမျိုးလား ဒါမှမဟုတ် သူ့ ရဲ့လှပတဲ့မျက်နှာလေးကိုလား ။အမှန်တော့ အချစ်ဆိုတာက လူတွေရဲ့အတ်တတွေနဲ့တိုက်ရိုက်အချိုးမကျခဲ့ရင်တောင် ဆက်စပ်မှုရှိပါတယ်။တစ်ချို့ ကတော့အမြဲတမ်းရယူချင်နေပြီး သူ တို့ ကိုဖြည့်ဆည်းမယ့် လူမျိုးကိုမှချစ်တတ်တယ် ။တစ်ချို့ ကတော့ သူ့ ရဲ့သဘာဝအရကို ကဖြည့်ဆည်းပေးချင်နေတာ များသောအားဖြင့်ဘ၀မှာ သူဘက်နေပေးခဲ့ရတာတွေများတဲ့လူပေါ့ သူဘက်ကနေရရမယ်လို့ကိုတွက်ကိုမထားတော့တာလေ ။ကျမကတော့ အေးအတူပူအမျှလေးနေချင်တယ် သူနဲ့ပဲ။ သူနဲ့ဆို ငတ်မှာလည်းမကြောက်တော့ဘူး ။အမှန်ကကျမကမ၀တ်ရတာထက်ကို စားချင်တာလေးမစားရ၇င် ကျမကသည်းမခံနိုင်ဘူး ။သူများမိန်းကလေးတွေလိုမ၀တ်ရလည်းရတယ် အော် စကားမစပ် ကျမချစ်သူကသိပ်စိတ်ကောက်တာပဲရှင်ဒါပေမဲ့ ကျမသူ့ ကိုအရမ်းချစ်ပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment