love meaning for me

 အမှန်ကတော့ အင်တာနက်ကနေတွေ့ ရတယ်ဆိုတာလည်း သိပ်တော့မလွယ်လှပါဘူး။ မြန်မာပြည်ကော်နက်ရှင်ကကောင်းမှမကောင်းတာချည်းကိုး။
ခုလည်း ကိုယ့်ဘက်ကမကျပေမဲ့ သူ့ ဘက်ကကျနေတော့လည်းစိတ်ညစ်ရတာပါပဲ
ပြီးတော့စိတ်ပူစရာကလည်းရှိလာတယ် ။ သူဌေးက ဒီနေ့တားဂတ်တွေတိုးမယ့်အကြောင်းပြောတယ်။တစ်လကို basic target 350000 ကနေခုတော့ 500000 တိုးမယ်တဲ့ ။ အလုပ်တွေ အသကုန်လုပ်ရတော့မယ်။မလုပ်နိုင်ရင်ထွက်တဲ့လေ။
ချစ်သူ ကိုလည်းစိတ်ပူတယ် အရင်လို ၈ရုမစိုက်နိုင်မှာစိုးလို့ ။သူ ကအလုပ်ခဏနားထားလို့စိတ်လေနေတယ်လေ။
ဂိမ်းတွေချည်းနင်းကန်ဆော့နေတယ်။ပိုက်ဆံလည်းပိုရှာမှဖြစ်မယ်လေ။ကျမအဖို့ ကတော့ ပြန်လည်ရောက်ရှိလာပြီ Fighting day တွေပေါ့။သိတယ်မို့လား ။ ချစ်သူနဲ့ ဝေးသွားမှာလည်းကြောက်တယ်။ကျမလုပ်တဲ့အလုပ်က စိတ်ရောကိုယ်ပါ နှစ် လုပ်ရတာလေ။ အမှန်ကတော့ ကျမအ၇င်အချိန်လေးတွေကိုပြန်လွမ်းနေပါတယ် ။အရင်ကဆို ကျမတို့ 2ယောက်လုံးမအားကြဘူးကို။ အဲ့တော့ ဟီး သူအလုပ်မှာဆိုကျမစိတ်ချတယ်လေ။ခုတော့ သူကိုစိတ်ပူနေရတယ်။
သူနဲ့ကျမက တစ်မြို့ဆီကိုး ။စိတ်ပူတယ်ရှင်။ အလုပ်ကလည်း အာရုံစိုက်ပြိးတော့ကိုလုပ်မှဖြစ်မှာ ။အရှုံးမပေးချင်ဘူးရှင်။
ဘယ်အရာကိုမှ အချစ်မှာလည်းမရှုံးချင်ဘူး။အလုပ်မှာလည်းမရှုံးချင်ဘူး။ဘ၀မှာလည်းမရှုံးချင်ဘူး။ထပ်ပြီးအရှုံးမပေး
ချင်ဘူး။အချစ်ကိုလည်း ကျမကပြုစုပျိုးထောင်ရဦးမယ်။ကျမတို့ အချစ်ကလေးခိုင်မြဲဖို့ လေ။ တစ်ကယ်တော့ အချစ်ဆိုတာလည်း သစ်ပင်လိုပဲ ပြုစုပျိုးထောင်ရတယ်။ အသီးအပွင်လေးတွေရလာတဲ့အထိပေါ့ ။ကျမရဲ့ အချစ်သစ်ပင်လေးကို ပြုစုစောင့်ရှောက်တာကိုလည်း ကျမကအလုပ်တစ်ခုသတ်မှတ်ပါတယ်။ခုဆို ညတိုင်း စောင့်ရှောက်ပါတယ်။စာလည်းလေ့လာရဦးမယ်။ဟုတ်တယ် အရှုံးမပေးတော့ဘူးနောက်ထပ်။ သူများအသနားလည်းမခံချင်ဘူး။ရအောင်ကိုကြိုးစားမယ်။အချစ်ကော ဘ၀ကောအောင်မြင်မှဖြစ်မယ်။
ချစ်သူကိုလည်း တစ်ခုတောင်းဆိုချင်တယ် ။ သူရှိတဲ့နေရာကိုလာနိုင်အောင်ကြိုးစားနေလို့ ဒီအတိုင်းအဲ့နေရာမှာငြိမ်ငြိမ်
လေး ရပ်စောင့်နေပေးပါလို့ ။ပြိးတော့ စိတ်ဓာတ်လည်းမကျပါနဲလို့ ။အကြာကြိးစောင့်ရလို့ အားနာပါတယ်လို့ ။
ြ မန်မြန်ရောက်အောင်တတ်နိုင်သမျလာခဲ့ပါမယ်လို့ ။ပြိးတော့ ချစ်သူမှာ အစွမ်းအစတွေအများကြီးရှိပါတယ်လို့ ။
ကိုယ့်ကိုကိုယ်ယုံကြည်ပြီး အလုပ်ကြိုးစားပါလို့ ။ချစ်သူစိတ်ဓာတ်ကျတာ စိတ်လေနေတာမမြင်ရက်လို့ပါ လို့။
ဘလော့လေးလည်းမဖတ်ရတာကြာလှပြီ။လွမ်းလှပြီ အ၇င်အချိန်လေးတွေကို။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment