ဒီနေ့တော့
ရုရှားပိုင်တဲ့ co.,တစ်ခုကို အလုပ်ကိစ္စသွားရှင်းပြတယ်။အဆင်လည်းပြေပါတယ် ။ဒါပေမဲ့ သူတို့ကကျမတို့လူမျိုးတွေကို ရယ်နေကျတယ်။ IT သမားတစ်ယောက်က Responsibilities တွေကို အများကြီးရေးထားလို့လေ ။အဲ့တာတွေက တစ်ကယ်ရောရှိလိုလားတဲ့။သူကိုယ်တိုင်ရေးတာ ဟုတ်ရဲ့လားပေါ့။ဒီနေ့သွားမှကျမကိုယ်ကျမအားမလိုအားမရဖြစ်မိတယ်။ ငါ English ကိုတော်တော်လိုသေးတာပါလားလို့ ။ ဟုတ်တယ် ကျမတို့တွေအများကြီး ကြိုးစားရမယ် ။ 2015 မှာ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေလာတော့မယ် လေ ။ သူတို့ကတစ်ကယ်ကို ပညာ၊အရည်အချင်း၊အတွေ့ အကြုံအပြည့်အစုံနဲ့လေ။ ကျမတို့လည်းအမှန်တော့မညံလှပါဘူး။ခက်တာက တစ်ချို့နေရာလေးတွေပြင်ရဦးမယ်။ ဆိုင်တော့မဆိုင်ပေမဲ့ ပြောရဦးမယ်။ ကျမကကျောက်မြောင်းမှာအင်တာနက်ထိုင်တယ်လေ။စိတ်ပျက်စရာကောင်းတာက အကောင့်ခိုးပြီးလာအပ်ကြတာပဲ။ အဲ့အကျင့်ကတော်တော်စရိုက်ကျတယ်။ကျမဖြင့်ဘေး
ကလူဘယ်သူမှန်းမသိဘူး။ကျမပြောတာမကျူနဲ့မဟုတ်ဘူး ကျူပါ ။ကျမကလှလည်းမလှပါဘူး။ချစ်သူနဲ့
ချက်နေတာလည်းမြင်နေသားနဲ့ကို။မာနကြီးတာမဟုတ်ဘူးနော်။တစ်ကယ်ခင်ဖို့ကောင်းတဲ့လူတွေ၇ှိပါတယ်။ယဉ်ယဦကျေးကျေးပဲ။ခုဟာက တစ်ချို့ ကစပ်စုတာလိုလို ဘာမှန်းကိုမသိတာ။ကျမဆိုလိုတာက လူတိုင်းမှာ
ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်မို့လား။ ဘာလို့ အလကားစပ်စုနေမလဲ။သူများအကြောင်းတွေးမယ့်အချိန်မှာ
ကိုယ့်အကြောင်းကိုယ်တွေးတာပိုမကောင်းဘူးလားလို့နော် သူငယ်ချင်းတို့။ ကျမချစ်သူကိုကျမချစ်တာ

အဲ့လောက်မထူးဆန်းပါဘူးနော်။တစ်ယောက်ထဲနဲ့နေ့တိုင်းချက်နေတဲ့သာမန်မိန်းကလေးတစ်ယောက်ပဲလေ။
ကျမအမြင်လေးပါ ။မှားတာရှိရင်ခွင့်လွတ်ကြပါနော်။
0 comments:
Post a Comment