love meaning for me(5)

အမှန်က သူများဘလော့တွေက စိတ်ဝင်စားစရာတွေ ဟာသတွေ နဲ့ပါ ။ ဟီး ကိုယ့်ဘလော့ကျမှ
အဟဲ ကြင်နာသူအကြောင်းတွေချည်းတင်ဖြစ်နေတယ် ။ ဒီလိုပဲပေါ့ ရှင်
အချစ်မှာလည်းအဲ့လိုလေးတွေကလိုအပ်သကိုး။
ဖတ်ဖူးတဲ့စာထဲမှာ လင်မယားဖြစ်သွားရင်တောင်
အဲ့လိုမျိုးကြင်ကြင်နာနာတွေပြောနေရတယ်ဆိုပဲ။ဟဲ ဟဲ သူကလည်း သဘောကျသကိုး ။
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ကိုယ့်ချစ်သူကြိုက်ဖို့လိုသကိုး။ ပြီးတော့
အမှတ်တရလေးလည်းဖြစ်တယ်လေ။ အဟဲ သူငယ်ချင်းတို့လည်းစိတ်ပါရင် လုပ်ကြည့်ပါလား ။
ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်လဲ သူသိအောင်ပေါ့နော့ ။ ဟိ ဟိ ။
သူ နဲ့၇န်ဖြစ်ရတာလည်းကြိုက်တယ် ။စိတ်ကောက်လို့ ပြန်ချြော့ပိး သူစိတ်ပြေလို
့ရယ်ရင်လည်းချစ်တာပဲ။ နေသာတဲ့နေ့တွေမှာဆို သူလက်ကိုတွဲပြီး
လမ်းလျှောက်ချင်တယ်။ မိုးအုံတဲ့နေ့ တွေမှာဆို ကော်ဖီတူတူသောက်ရင်း
သီချင်းနားထောင်ချင်တယ် ။ဝမ်းသာစရာရှိခဲ့ရင် သူ့ ကိုအရင်ဆုံးပြောပြချင်တယ် ။
ဝမ်းနည်းစရာရှိတဲ့နေ့တွေဆို သူ့ ပခုံးပေါ်ခေါင်းမှီပြီး အခက်အခဲတွေကို
ပြောပြချင်တယ်။ ဘ၀ဆိုတာက တိုတိုလေးမဟုတ်လား ။ ကျမလည်း သူများတွေလိုမျိုး
ရှင်သန်ခွင့်ရှိတယ်မို့လား ။လုပ်သင့်တာတွေမလုပ်ပဲ
လုပ်ချင်တာလေးတွေလုပ်ကြည့်ချင်တယ် ။ ပြီးတော့လည်း သူများတွေလိုမျိုး
ပျော်ရွင်လို့ ရတယ်မို့လား ။ခုဆို ရင် ကျမရဲ့ နေ့ရက်တိုင်းဟာ သူ့ ကြောင်ပဲအသက်ဝင်လာခဲ့တယ်လေ ။ ဟီး နောက်ဆိုကျမရဲ့ မေတ္တာစာတွေက ကမ္ဘာကျော်ရင်ကျော်နေမှာ ဟဲ ဟဲ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment