love meaning for me(1)

ဘလော့လေးရေးပါမယ်ဆိုမှ ကိုယ့်ဘလော့ကိုယ်ဝင်မရပြန်ဘူး ။

ကျမကအမြဲအဲ့လိုပဲ
Gtalk accountant တွေလည်း သူငယ်ချင်းတွေကိုဖွင့်ခိုင်းပြီး
အမြဲပဲ အဲ့အကောင့်တွေရဲ့ ပတ်ဝေါ့တွေမေ့သွားလို့ ဖွင့်ပေးတဲ့
သူတွေကိုပြန်တောင်းရတာလည်းခဏခဏရယ်။

မှတ်မိတဲ့သူတွေကတော့ပြန်ပေးပြီး မမှတ်မိတဲ့
သူတွေကျတော့ အဲ့အကောင့်လေးတွေလည်း ထာဝရပိတ်သွားတာပေါ့ ။အမှန်ကတော့
ဘာရယ်မဟုတ်ပါဘူး ။အကောင့်တွေပျောက်တတ်တယ်ဆိုတော့ ကျမကအများကြီးဖွင့်ထားတာပါ
။အမြဲသုံးဖြစ်တာက flowerliliဆိုတဲ့အကောင့်လေးပါပဲ။

ဟီး ....
ဒါတောင်တစ်ခါတစ်လေပတ်စ်ဝေါ့မှားရိုက်သေးတယ်။ဒါကြောင့် ရုံးကကျမသူငယ်ချင်းတွေက
ကျမကိုဆိုစနေကျလေ။ကျမကရုံးအကောင့်တောင်တစ်ခါတစ်လေမှားဝင်လို့ ဂူးဂဲလ်ရဲ့
Security မေးခွန်းတွေဖြေနေကျလေ။အမှန်ကဒီနေ့ကနှစ်ဆန်းတစ်ရက်ပါ
။စာလည်းမကျက်ချင်တာနဲ့ ပြီးတော့ ချစ်သူအတွက် ဘလော့လေးလည်းတင်ချင်လို့ပါ
အမှတ်တရလေ။ခက်တာက ကိုယ့်ဘလော့ကိုယ်ဝင်မရပြန်ဘူးး။မထုးပါဘူးဆိုပြီး ကိုယ့်
မေးလ်မှာပဲထိုင်ရိုက်နေလိုက်တော့တယ် ။ အမှန်ကတော့
ကိုယ့်ချစ်သူကိုယ်ဘယ်လောက်ချစ်လဲဆိုတာလေးတွေပါပဲ။ ကျမနဲ့ကျမချစ်သူနဲ့က
အွန်လိုင်းကနေတွေ့ ခဲတာပါပဲ ။ကျမအထင်တော့ ကျမတို
့နှစ်ယောက်ဟာစစချင်းပေါ့ပျက်ပျက်အတွေးနဲ့စခဲ့တာပါပဲ။
အဲ့လိုတွေးမိရင်တော့သိပ်စိတ်မကောင်းဘူးရယ်။ကျမကလည်း
စကားပြောဖော်လေး၇ရင်ပြီးရော အထီးမကျန်ချင်လို့လေ ။

 အင်း ..... သူကလည်း
ခပ်နောက်နောက်ကောင်မလေးဆိုတော့ ဘာရယ်မဟုတ် ကျူတာပါပဲ။ဒါပေမဲ့ တစ်နေ့တစ်ခြား
သူကကျမနဲ့ တူတူလာတယ် ။ သူကြိုက်တာတွေ ပြီးတော့ သူနားထောင်တဲ့ သီချင်းတွေ
အကုန်လုံး ကျမမကြိုက်ခဲ့ရင်တောင် ခံစားလို့တော့ရခဲ့ပါတယ် ။ပြီးတော့ ကျမတို
့ကသူငယ်ချင်းလည်းဆန်ခဲ့တယ်။ သူနဲ့အတူရှိနေချိန်ဆို သက်တောင့်သက်သာရှိပြီး
စိတ်ချလုံခြုံတယ်လေ။ သူက ရုပ်လည်းမလှပါဘူး ။စတိုင်လည်းမကျပါဘူး။လမ်းလျှောက်ရင်
ခါးကုန်းပြီးလျှောက်သေးတယ် ။ပြီးတော့ ဂိမ်းလည်းအသေဆော့တာပဲ ။ ဒါပေမဲ့လည်း
ကျမချစ်ပါတယ် ။ သူကတစ်ခါတစ်လေတော့လိမ်တတ်ပါတယ် ။ဥမမာ ကျူကျူထဲမှာ
တရုတ်မလေးတွေအပ်ပြီးချက်ထားပြီး မလုပ်ပါဘူးတို့ 
vzo ထဲမှာ ချက်နေတာကိုမချက်ပါဘူးတို့ပေါ့လေ ။ သူကအတ်တလည်းကြီးတတ်ပါသေးတယ်။ပြီးတော့
ယောကျာ်းဝါဒီလေ ။ မိန်းကလေးနဲ့ယောကျာ်းလေးမတူညီကြောင်း ကျမနဲ့
အမြဲရန်ဖြစ်ရပါတယ်။ကျမကလည်းလွယ်လွယ်နဲ့အလျှော့မပေးချင်ပါဘူး ။ ဟုတ်တယ်လေ
မတူမှန်းတော့သိပေမဲ့ အနိုင်တော့လွယ်လွယ်မပေးချင်ပါဘူး။ သူ့ ကို
အဲ့လောက်ချစ်မိသွားလိမ့်မယ်လည်း မထင်ထားပါဘူး။
ဒါပေမဲ့ သူ့ ကိုပဲသတိ၇နေခဲ့တယ် ။အော် ပြီးတော့ ကျမက နည်းနည်း လျှို
့ဝှက်ချက်များတဲ့မိန်းမပါ။ သူ့ ကိုလျှို့ ဝှက်ချက်တွေနဲ့ချစ်ခဲ့တာပေါ့
။အဲ့အတွက်လည်းစိတ်မကောင်းပါဘူး ။အမှန်ကတော့ ကျမက သူများတွေလိုပျော်ချင်တယ်
ချစ်ချင်တယ် ။ကျမလည်းတစ်ခါလောက်တော့ ပျော်ချင်လို့ ပါ ။သူ့ အဖို့တော့
လက်ခံ၇တော်တော်ခက်မှာပါ ။အဲ့အတွက်လည်းအမြဲအားနြာ ပီးကျေးဇူးတင်တယ် ။
သူနဲ့အတူနေရတဲ့အချိန်တွေဟာ နွေဦးနေ့ရက်တွေပါပဲ ။အရင်ကဆို ကျမက အလုပ်လုပ်တယ်
။ကြိုးစားပမ်းစားလုပ်တယ် ။ပိုက်ဆံ ပိုက်ဆံနဲ့ခေါင်းထဲကကိုမထွက်ဘူး ။မနက်ဆို
အိပ်ရာထ ။လုပ်စရာရှိတာလုပ် ။ရုံးသွား ။ပြနလာ၊စာကျက်၊အိပ် ။တစ်ခါတစ်ခါ
ငိုချင်ရင် ဂျူးဝတုတွေငှားဖတ် ပြီးတော့ အမေမသိအောင် ငို ။အဲ့လိုနဲ့
သံသရာလည်နေခဲ့တာ။ခုတော့ ကျမဘ၀မှာ ပြန်ပြီးအသက်ဝင်လာခဲ့တာပေါ့ ။ ဒါပေမဲ့
ဘယ်အချိန်ပြန်ပြီး ပျောက်သွားမလဲတော့မသိနိုင်ဘူးလေ။အဲ့ဒီစိတ်နဲ့ 2012
သင်္ကြန်မှာပြသနာတွေချည်းလှိမ့်ရှာနေခဲ့တာ။အင်တာနက်ဆိုင်မှာ
သုံးပြီးရေးရတာလည်းမကောင်းပါဘူး ။မြန်မာပြည်ကလူတွေက သိပ်စပ်စုတာပဲ
။နောက်တော့မှအဲ့အကြောင်းလေးပိုစ်တင်အုံးမယ်။ကျမက ကျမချစ်သူကို လူချင်းအပြင်မှာ
မတ်လကမှတွေ့ ဘူးတာပါ ။ဒါပေမဲ့ ဘာလို့လဲတော့မသိဘူး သူ့ ကို ယုံကြည်ခဲ့တယ်။
ခုတော့ တစ်ချိန်ချိန်ဆုံးရှုံးရမှာကိုကြောက်မနေတော့ဘူး
။ကျမလက်ရှိအချိန်ကလေးကို ပဲအကောင်းဆုံးဖြစ်ချင်တယ်။ဟုတ်တယ်လေ
။ဒီသင်္ကြန်အတောအတွင်းကျမမှာ စားမရ အိပ်မပျော်နဲ့ သံသယတွေဝင်နေခဲ့တာ ။ ခုတော့
ကျမဖတ်ဖူးတဲ့စာအုပ်ထဲကလိုပဲလုပ်တော့မယ်  လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပါတဲ့ ကိုယ့်နေရာမှာ

သူများကအစားဝင်လုပ်လို့ မရနိုင်တဲ့အထိပါတဲ့ ဟီး ..... ကျမက အစွမ်းကုန်ချစ်လိုက်တော့မယ်လေ

ဒါဆို သူ့ ကို ဆုံးရှုံးခဲ့၇င်တောင် ဘယ်တော့မှနောင်တာမရတော့ဘူးလေ။

 စကားမစပ် ကျမချစ်သူကတော်တော်စိတ်ကောက်တယ်ရှင်


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment